ရင်ထဲတလှပ်လှပ်နဲ့ 
နေရခက်တဲ့ ဝေဒနာ
သေကာမှကျွတ်မယ်ထင်ပါတယ်
ဝဋ်တခုဆိုရင်လည်း ကျေပါစေတော့
ဒီလိုတော့မရက်စက်သင့်ပါဘူး
အိပ်ချင်နေရက် မအိပ်ရတဲ့ ဒုက္ခ
လှမ်းချင်ရက်နဲ့ မလှမ်းနိုင်တဲ့ ဒုက္ခ
ဒီအချိန်မှတရားမှတ်မယ် စိတ်ကရည်ရွယ်
စိတ်သာရှိတယ်
လူကမလိုက်နိုင်တော့ပြီဘဲ
သေမင်းရယ် ခေါ်မယ်ဆိုလည်း
ပျော်ခဲ့ ဘူးပါပီ
နေ့ရက် နာ၇ီမဆိုင်းနေပါနဲ့ ။
Labels:
ကဗျာ
တန်ဆောင်မုန်းလပြည့်(သို့) သူခိုးကြီးည
ဘော်ဒါပေါင်သင်း ရောင်းရင်းစုံကာ
ဆေးပေါင်းခည သူခိုးညပေါ့
ပျော်စေပါးစေ ခိုးကြမယ်လေ
အရီးအိမ်က ဗူးသီးလဲပါ
အဘကြက်လဲ ခိုးခဲ့ပါကွာ
ဦးမြဆိုင်က ယမကာလဲ မကျန်နဲ့ကွာ
တို့ပေါင်းဖော်ရင် ပျော်ရွှင်ချင်းမို့
အမေပုအိမ်ဘေး ဘဲခြံလေးလဲ မေ့မထားနဲ့
ရွာလယ်အိမ်က ဦးကပ်စေးမှာ
ဆန်ချောဆိုလား ပေါ်ဆန်းလားဘဲ
ရအောင်ခိုးမယ် ပေါင်းဖော်တို့ရယ်
မဇယ်လီသုတ် အမေသုတ်လို့
စားကြစမ်းကွယ် နွယ်မြတ်သစ်ပင်
ဆေးဖက်ဝင်လှ ဒီလပြည်ည။
ဆေးပေါင်းခည သူခိုးညပေါ့
ပျော်စေပါးစေ ခိုးကြမယ်လေ
အရီးအိမ်က ဗူးသီးလဲပါ
အဘကြက်လဲ ခိုးခဲ့ပါကွာ
ဦးမြဆိုင်က ယမကာလဲ မကျန်နဲ့ကွာ
တို့ပေါင်းဖော်ရင် ပျော်ရွှင်ချင်းမို့
အမေပုအိမ်ဘေး ဘဲခြံလေးလဲ မေ့မထားနဲ့
ရွာလယ်အိမ်က ဦးကပ်စေးမှာ
ဆန်ချောဆိုလား ပေါ်ဆန်းလားဘဲ
ရအောင်ခိုးမယ် ပေါင်းဖော်တို့ရယ်
မဇယ်လီသုတ် အမေသုတ်လို့
စားကြစမ်းကွယ် နွယ်မြတ်သစ်ပင်
ဆေးဖက်ဝင်လှ ဒီလပြည်ည။
Posted by
poemlover
0
comments
Labels:
ကဗျာ
ငါ့နှလုံးသားနဲ့သီချင်းတစ်ပုဒ်
ကာရံမညီ တေးသံမလှ
နားထောင်သူမဲ့ အားပေးသူမရှိ
လုပ်ခုပ်သံမဲ့တဲ့ သီချင်းဟာ
စာနာသူမဲ့လို့ ညှာတာသူကင်း
အထီးကျန်ခြင်းနဲ့ပြည့်စုံနေတဲ့
ငါ့နှလုံးသားနဲ့ တူနေပါလား..
နားထောင်သူမဲ့ အားပေးသူမရှိ
လုပ်ခုပ်သံမဲ့တဲ့ သီချင်းဟာ
စာနာသူမဲ့လို့ ညှာတာသူကင်း
အထီးကျန်ခြင်းနဲ့ပြည့်စုံနေတဲ့
ငါ့နှလုံးသားနဲ့ တူနေပါလား..
Posted by
poemlover
0
comments
Labels:
ကဗျာ
မင်းအတွက်ငါ
မင်းအနားက ငါ့ကိုမေ့ထားပါ
ပြုံးမပြပါနဲ့ သတိမရပါနဲ့
မင်းတမ်တတိုင်းငါမပါပါနဲ့
ကျေနပ်ပါတယ် ..
မင်းတမ်းတသူ အဝေးကသူ
ပြန်လာနေ့ရက် လက်ချိုးတွက်လို့
မင်းမျှော်နေပါ မင်းပျော်နေပါ..
ထိုတစ်နေ့သာ ရောက်မလာလျှင်
မင်းအနားကြည့် ငါရှိနေမယ်
မင်းမျက်ရည်တွေ သုတ်ပေးမယ်လေ
မင်းရှိုက်ငိုတိုင်း င့ါရင်နာလို့
တိုးတိုးလေးနဲ့ ငါ့ရင်ခွင်ကြား
နှလုံးသားမကြာအောင် ငိုခွင့်ပြုမယ်
မင်းမျက်ရည်တွေ ကုန်ပါစေ။
ပြုံးမပြပါနဲ့ သတိမရပါနဲ့
မင်းတမ်တတိုင်းငါမပါပါနဲ့
ကျေနပ်ပါတယ် ..
မင်းတမ်းတသူ အဝေးကသူ
ပြန်လာနေ့ရက် လက်ချိုးတွက်လို့
မင်းမျှော်နေပါ မင်းပျော်နေပါ..
ထိုတစ်နေ့သာ ရောက်မလာလျှင်
မင်းအနားကြည့် ငါရှိနေမယ်
မင်းမျက်ရည်တွေ သုတ်ပေးမယ်လေ
မင်းရှိုက်ငိုတိုင်း င့ါရင်နာလို့
တိုးတိုးလေးနဲ့ ငါ့ရင်ခွင်ကြား
နှလုံးသားမကြာအောင် ငိုခွင့်ပြုမယ်
မင်းမျက်ရည်တွေ ကုန်ပါစေ။
Posted by
သံယောဇဉ်လွင်
0
comments
စာမပြန်နဲ့ 
နင့်ကိုငါ့ချစ်တယ်
ငါ့ကိုစာမပြန်နဲ့
နင့်ကိုငါမုန်းတယ်
ငါ့ကိုစာမပြန်နဲ့
စာမပြန်နဲ့ 
စာမပြန်နဲ့ 
စာမပြန်နဲ့ 
စာမပြန်နဲ့ 
Posted by
poemlover
0
comments
Labels:
ကဗျာ
မင်းအတွက်ငါ
ငါ့အတွက်မင်းဟာ လိုအပ်ချက်ပါ
မင်းအတွက်ငါက ပိုတစ်ခုဆိုတာ
ငါသိနားလည်ပေမယ့်လည်း
မင်းလိုအပ်တိုင်းပေါ့ ငါရှိနေမယ်
မင်းမလိုအပ်သမျှ ငါ့ကိုမေ့ထားပါ
ငါဟာ မင်းတွက် မရှိသုံးဖြစ်ခဲ့ပါစေ
ငါလေဂုဏ်ယူလို့ မင်းအနားက
တစ်ဖ၀ါးမခွာ ဖြည့်ဆည်းချင်သူပါ
မင်းလိုအပ်ချိန် တလိုက်ပါ
ငါတန်ခိုးရှင်မဟုတ်တောင်
မင်းလိုချင်ချိန်မှာ အဆင်သင့်တဲ့
အချစ်ကျေးကျွန်ပါ..
မင်းအတွက်ငါက ပိုတစ်ခုဆိုတာ
ငါသိနားလည်ပေမယ့်လည်း
မင်းလိုအပ်တိုင်းပေါ့ ငါရှိနေမယ်
မင်းမလိုအပ်သမျှ ငါ့ကိုမေ့ထားပါ
ငါဟာ မင်းတွက် မရှိသုံးဖြစ်ခဲ့ပါစေ
ငါလေဂုဏ်ယူလို့ မင်းအနားက
တစ်ဖ၀ါးမခွာ ဖြည့်ဆည်းချင်သူပါ
မင်းလိုအပ်ချိန် တလိုက်ပါ
ငါတန်ခိုးရှင်မဟုတ်တောင်
မင်းလိုချင်ချိန်မှာ အဆင်သင့်တဲ့
အချစ်ကျေးကျွန်ပါ..
Posted by
သံယောဇဉ်လွင်
1 comments
ချစ်တာပါ
ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေ့တိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
ရည်စူးကာချစ်တာပါ။
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေ့တိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
ရည်စူးကာချစ်တာပါ။
Posted by
poemlover
0
comments
ကိုယ်ပိုင်ခံစားချက်
ကိုယ်ပိုင်ခံစားချက်..........
စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။
အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။
အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။
စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။
အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။
အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။
Posted by
poemlover
0
comments
Labels:
ကဗျာ
မေ့ပစ်ချင်တယ်
ချစ်သူ
အနမ်းတွေမင်းယူလို့
အလွမ်းတွေငါ့ပေး
ခပ်ဝေးဝေးကိုပြေးသွားတယ်နော်
ချစ်သူ
မင်းထားခဲ့တဲ့ နေရာလေးပေါ့
တစ်ခေါက်တစ်လေ မင်း
ရောက်လေမလားလို့
မျှော်တက်တဲ့ ငါ့စိတ်
အတိတ်ကို မေ့ချင်ပြီးကွာ
အနမ်းတွေမင်းယူလို့
အလွမ်းတွေငါ့ပေး
ခပ်ဝေးဝေးကိုပြေးသွားတယ်နော်
ချစ်သူ
မင်းထားခဲ့တဲ့ နေရာလေးပေါ့
တစ်ခေါက်တစ်လေ မင်း
ရောက်လေမလားလို့
မျှော်တက်တဲ့ ငါ့စိတ်
အတိတ်ကို မေ့ချင်ပြီးကွာ
Posted by
poemlover
0
comments
Labels:
ကဗျာ
မင်းအတွက်ငါ
အလွမ်းတစ်ခုကို နှစ်သိမ့်ဆုလို့ယူပြီး
မင်းအဝေးကိုထွက်သွားဆို သွားပါ့မယ်..
အမုန်းတစ်ခုကို ခွန်းအားတစ်ခုအဖြစ်ပေးလို့
မင်းနဲ့အဝေးကိုသွားဆိုသွားပါ့မယ်..
နာကျင်မှုတစ်ခုပြုလုပ်တိုင်း နာကျည်းချက်မရှိတာ
ငါ့အမှားလို့ ပတ်ဝန်ကျင်က ပြောရင်လဲ ခံပါ့မယ်..
ဒါပေမယ့် ချစ်သူရယ်...
ငါ့ချစ်ခဲ့တဲ့ အချစ်တွေနဲ့
မမုန်းတက်တဲ့ ငါ့နှလုံးသားလေးကို
မင်းလိုအပ်တဲ့အချိန်မှာ တမ်းတလိုက်ပါ
ငါမင်းအနားအရောက်ပြန်လာမှာပါ...
မင်းအဝေးကိုထွက်သွားဆို သွားပါ့မယ်..
အမုန်းတစ်ခုကို ခွန်းအားတစ်ခုအဖြစ်ပေးလို့
မင်းနဲ့အဝေးကိုသွားဆိုသွားပါ့မယ်..
နာကျင်မှုတစ်ခုပြုလုပ်တိုင်း နာကျည်းချက်မရှိတာ
ငါ့အမှားလို့ ပတ်ဝန်ကျင်က ပြောရင်လဲ ခံပါ့မယ်..
ဒါပေမယ့် ချစ်သူရယ်...
ငါ့ချစ်ခဲ့တဲ့ အချစ်တွေနဲ့
မမုန်းတက်တဲ့ ငါ့နှလုံးသားလေးကို
မင်းလိုအပ်တဲ့အချိန်မှာ တမ်းတလိုက်ပါ
ငါမင်းအနားအရောက်ပြန်လာမှာပါ...
Posted by
poemlover
0
comments
Labels:
ကဗျာ
ပန်းကလေး
လရောင်ဝေးတဲ့ ပန်းကလေးရေ..........
အလွမ်းတေးနဲ့ လမ်းဘေးမှာငိုရှိုက်
အတိတ်က ဒီလူမိုက်မှာ
နောင်တ တချို့ ပြန်ရလို့
တိမ်တွေဖယ်ရှား မင်းအနားကို
အလင်းများပိုလို့ အလှတင့်အောင်
ပေးဆပ်ရင်ပေါ့ ပြန်လာပါရစေ
ပန်းကလေးရေ........
အလွမ်းတေးနဲ့ လမ်းဘေးမှာငိုရှိုက်
အတိတ်က ဒီလူမိုက်မှာ
နောင်တ တချို့ ပြန်ရလို့
တိမ်တွေဖယ်ရှား မင်းအနားကို
အလင်းများပိုလို့ အလှတင့်အောင်
ပေးဆပ်ရင်ပေါ့ ပြန်လာပါရစေ
ပန်းကလေးရေ........
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ငါလူမိုက်လား
ပေးဆပ်တဲ့ နှလုံးသားကို တန်ဖိုးမထား
အနိုင်ယူသူ မင်းတစ်ယောက်အား
မမေ့နိုင်တာ အပြစ်တစ်ခုလား
လိုက်လျောလေ တန်ဖိုးမထားလေ
ချစ်တာကို ပြစ်ခါချသူမှ
လွမ်းမိတာ အပြစ်လား
မေ့လိုက်ပါလို့ ပြောတဲ့သူ
လမ်းခွဲကြစို့ စကားဆိုသူ
ဒီလိုလူကိုမှ နောက်ကလိုက်
ချစ်လူမိုက်များဖြစ်နေသလား
အနိုင်ယူသူ မင်းတစ်ယောက်အား
မမေ့နိုင်တာ အပြစ်တစ်ခုလား
လိုက်လျောလေ တန်ဖိုးမထားလေ
ချစ်တာကို ပြစ်ခါချသူမှ
လွမ်းမိတာ အပြစ်လား
မေ့လိုက်ပါလို့ ပြောတဲ့သူ
လမ်းခွဲကြစို့ စကားဆိုသူ
ဒီလိုလူကိုမှ နောက်ကလိုက်
ချစ်လူမိုက်များဖြစ်နေသလား
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
တစ်နေရာ
ချစ်သူ
ကဗျာကို ခံစားတာက
ငါ့နှလုံးသားပါ...
ရေးမိတာက လက်ချောင်းလေးတွေ
တွေးမိတာက ရှင့်အကြောင်း
သတိရတာက ငါ့မသိစိတ်
တမ်းတတာက အချိန်မှန်
မျှော်နေတာက မိန်းမသားဘဝ
ဒါတွေကို ရှင်သာ နားလည်မယ်ဆို
အရင်နေရာကို ပြန်လာလို့
ရင်ခွင်ဟောင်းမှာ ရှင့်အတွက်
တစ်နေရာစာ ရှိသေးတာ ယုံပါ
ကဗျာကို ခံစားတာက
ငါ့နှလုံးသားပါ...
ရေးမိတာက လက်ချောင်းလေးတွေ
တွေးမိတာက ရှင့်အကြောင်း
သတိရတာက ငါ့မသိစိတ်
တမ်းတတာက အချိန်မှန်
မျှော်နေတာက မိန်းမသားဘဝ
ဒါတွေကို ရှင်သာ နားလည်မယ်ဆို
အရင်နေရာကို ပြန်လာလို့
ရင်ခွင်ဟောင်းမှာ ရှင့်အတွက်
တစ်နေရာစာ ရှိသေးတာ ယုံပါ
Posted by
poemlover
0
comments
Labels:
ကဗျာ
မင်းသိပါစေ
သစ္စာသားရဲ့နောက်ကွယ်မှာ
မာနတွေကပ်တွယ်တာ မင်းမသိလို့လား
ချစ်တက်တဲ့ငါ့နှလုံးသားက သည်းခံတာပါ
အရှုံးကိုပျော်မွှေ့သူမဟုတ်ဘူး
မင်းမပေးတဲ့ အကြင်နာကို တမ်းတပေမယ့်
တစ်ခြားသူဆီက မမျှော်လင့်ပါ
မင်းပေးတဲ့အမုန်းတွေကို မလိုချင်ပေမယ့်
မင်းမဟုတ်တဲ့လူမှန်သမျှ ပေးပါစေ
ငါ့ရဲ့အချစ် ငါ့ရဲ့မေတ္တာ ငါ့သစ္စဟာ
မင်းပါ မင်းပါလို့ အော်နေရမှာလား
ငါ့ရင်ကိုမင်းမြင် ငါ့အချစ်ကိုမင်းသိပါ
မာနတွေကပ်တွယ်တာ မင်းမသိလို့လား
ချစ်တက်တဲ့ငါ့နှလုံးသားက သည်းခံတာပါ
အရှုံးကိုပျော်မွှေ့သူမဟုတ်ဘူး
မင်းမပေးတဲ့ အကြင်နာကို တမ်းတပေမယ့်
တစ်ခြားသူဆီက မမျှော်လင့်ပါ
မင်းပေးတဲ့အမုန်းတွေကို မလိုချင်ပေမယ့်
မင်းမဟုတ်တဲ့လူမှန်သမျှ ပေးပါစေ
ငါ့ရဲ့အချစ် ငါ့ရဲ့မေတ္တာ ငါ့သစ္စဟာ
မင်းပါ မင်းပါလို့ အော်နေရမှာလား
ငါ့ရင်ကိုမင်းမြင် ငါ့အချစ်ကိုမင်းသိပါ
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
လွမ်းဆဲ
အခုဆိုသတိရတယ်ဆိုပေမယ့်လည်း
အရင်လိုမလွမ်းဖြစ်တော့ဘူး...
အခုဆိုလွမ်းမိတယ်ဆိုပေမယ့်လည်း...
အရင်လိုမတမ်းတဖြစ်တော့ဘူး.......
အခုဆိုတမ်းတတယ်ဆိုပေမယ့်လည်း
အရင်လိုမငိုကြွေးဖြစ်တော့ဘူး.....
အခုဆိုချစ်ခဲ့တယ်ဆိုပေမယ့်လည်း...
ဟိုအရင်လိုပြန်မဖြစ်တော့ဘူး.......
အတိတ်တွေကတဖြေးဖြေးမှုံဝါးလာခဲ့
အရင်လိုမလွမ်းဖြစ်တော့ဘူး...
အခုဆိုလွမ်းမိတယ်ဆိုပေမယ့်လည်း...
အရင်လိုမတမ်းတဖြစ်တော့ဘူး.......
အခုဆိုတမ်းတတယ်ဆိုပေမယ့်လည်း
အရင်လိုမငိုကြွေးဖြစ်တော့ဘူး.....
အခုဆိုချစ်ခဲ့တယ်ဆိုပေမယ့်လည်း...
ဟိုအရင်လိုပြန်မဖြစ်တော့ဘူး.......
အတိတ်တွေကတဖြေးဖြေးမှုံဝါးလာခဲ့
ခဲ့သလိုပဲ ဒီရင်ဘက်ထဲမှာလည်း....
တခါတရံပြင်းပြင်းရှရှနာကြဉ်းနေတာကလွဲလို့
ငါလည်းပဲအဆင်ပြေစပြုလာပြီပဲ.....
တကယ်လို့သာမနက်ဖြန်တိုင်းဟာ
ဖွင့်ဟ၀န်ခံခွင့်ရှိခဲ့တယ်ဆိုရင်တော့
ဒီရင်ဘက်ခက်နက်နက်ထဲမှာ....
နင်တစ်ယောက်ထဲပဲရှိခဲ့တာပါ............
တခါတရံပြင်းပြင်းရှရှနာကြဉ်းနေတာကလွဲလို့
ငါလည်းပဲအဆင်ပြေစပြုလာပြီပဲ.....
တကယ်လို့သာမနက်ဖြန်တိုင်းဟာ
ဖွင့်ဟ၀န်ခံခွင့်ရှိခဲ့တယ်ဆိုရင်တော့
ဒီရင်ဘက်ခက်နက်နက်ထဲမှာ....
နင်တစ်ယောက်ထဲပဲရှိခဲ့တာပါ............
အနက်ရောင်မျက်ရည်မိုး
Posted by
poemlover
1 comments
ဝိဥာဉ်
ရန်ကုန်မြို့ရဲ တစ်နေရာမှာ
ကျွန်တော် ကားလမ်းဖြတ်ကူးမိတယ်
ကျွန်တော် ဖြတ်ကူးပြီးချိန်
နောက်နားက အသံကျယ်ကြီး
ကြားမိတယ် ကြည့်လိုက်တော့
ကားတစ်စီးလဲ ရပ်လို့
လူတစ်ယောက်လဲနေတယ်
ရော် .... ဖြစ်ပြန်ပြီလား
ယာဉ်တိုက်မှု ...........
လူတွေသွားအုံကြည့်တယ်
စပ်စုတတ်တဲ့ ကျွန်တော်လဲ
သွားကြည့်မိတယ်
အနားရောက်တော့
လဲနေတဲ့လူရဲ့ မျက်နှာကို
ကျွန်တော် မြင်ဘူးသလိုပဲ
သေချာကြည့်လိုက်တော့
ဟုတ်တယ် ငါ့မျက်နှာကြီးပဲ
လဲနေတာ ငါ့ခန္ဒာကြီးဆိုရင်
ငါ ....... ငါ ....... ငါ က
``.....................´´ ။
Posted by
Unknown
1 comments
Labels:
ကဗျာ
နေမင်းအတ္တ
နေခြည်ပျောက်တာ ကမ္ဘာကြောင့်လား
နေခြည်ပျောက်ကွယ် လကြောင့်ပဲကွယ်
ထိုထိုအတွေး ရင်မှာတွေးလို့
နေခြည်ဆိုတာ ခွန်းအားများလှ
ဂုဏ်တင့်တယ်လည်း တစ်ချိန်ခါမှာ
တစ်စုံတစ်ရာ ဖုံးကွယ်မှုက
စိုးမိုးထားလို့ အမှောင်းလွှမ်းလို့
ပျောက်ကွယ်၏။
မတည်ကမ္ဘာ ဒီမြေမဟာ
နေလမခွဲ တူယှဉ်တွဲမှ
နေခြည်ပျောက်ကွယ် လကြောင့်ပဲကွယ်
ထိုထိုအတွေး ရင်မှာတွေးလို့
နေခြည်ဆိုတာ ခွန်းအားများလှ
ဂုဏ်တင့်တယ်လည်း တစ်ချိန်ခါမှာ
တစ်စုံတစ်ရာ ဖုံးကွယ်မှုက
စိုးမိုးထားလို့ အမှောင်းလွှမ်းလို့
ပျောက်ကွယ်၏။
မတည်ကမ္ဘာ ဒီမြေမဟာ
နေလမခွဲ တူယှဉ်တွဲမှ
ထာဝရအလင်း တောက်ပနေမှာ
နေခြည်မာန အလင်းအတ္တ
လမင်းကိုမေ့ မာနဝေ့က
အလင်းကအမှောင် အမှောင်ကအလင်း
ထိုဖြစ်ခြင်းအား အစဉ်မမေ့
ရင်ကတွေးလျှက် သတိထားပါ
အသိတရားဟာ အမှားမဖြစ်ပါ...
နေခြည်မာန အလင်းအတ္တ
လမင်းကိုမေ့ မာနဝေ့က
အလင်းကအမှောင် အမှောင်ကအလင်း
ထိုဖြစ်ခြင်းအား အစဉ်မမေ့
ရင်ကတွေးလျှက် သတိထားပါ
အသိတရားဟာ အမှားမဖြစ်ပါ...
Posted by
သံယောဇဉ်လွင်
0
comments
Labels:
စာတို
ညီမလေး
သို့/
ညီမငယ် မင်းစကတ်တိုတယ်.. လှတယ်ကွာ ပေါင်တွေဖွေး ငါလဲရင်ခုန်ငေး
ညီမငယ်လေး လမ်းတွေလျှောက် အစ်ကို့ရင်ကို ထိတ်တိုက်ရောက် လှပါပေတယ် ညီမငယ်.
မယ်ယဉ်ကျေး ကမ္ဘာယှဉ်သေး တို့တစ်ချိန်က မှီသောအသိ ရင်မှာသိတာ အန်တီချိုပြုံ မာမီပြုံပေါ့ အပြုံးပိုင်ရှင် ဆိုတေးချင်းက ထိုသီချင်းမှာ မင်းအ၀တ်စားမပါ အလှမယ်ဟာ ထို့သို့
သီချင်း ကိုက်ညီချင်းမို့ မင်းလဲမြန်မာ ငါမြန်မာမို့ ယှဉ်ဘောင်တန်းပါ မြန်မာမင်းမမေ့ ထာဝစဉ်သိလေ့ တို့ ရိုးရာ...
ညီမငယ် မင်းစကတ်တိုတယ်.. လှတယ်ကွာ ပေါင်တွေဖွေး ငါလဲရင်ခုန်ငေး
ညီမငယ်လေး လမ်းတွေလျှောက် အစ်ကို့ရင်ကို ထိတ်တိုက်ရောက် လှပါပေတယ် ညီမငယ်.
မယ်ယဉ်ကျေး ကမ္ဘာယှဉ်သေး တို့တစ်ချိန်က မှီသောအသိ ရင်မှာသိတာ အန်တီချိုပြုံ မာမီပြုံပေါ့ အပြုံးပိုင်ရှင် ဆိုတေးချင်းက ထိုသီချင်းမှာ မင်းအ၀တ်စားမပါ အလှမယ်ဟာ ထို့သို့
သီချင်း ကိုက်ညီချင်းမို့ မင်းလဲမြန်မာ ငါမြန်မာမို့ ယှဉ်ဘောင်တန်းပါ မြန်မာမင်းမမေ့ ထာဝစဉ်သိလေ့ တို့ ရိုးရာ...
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
မင်းဟာမြန်မာ
မပြင်ပဲနေပါ တို့မြန်မာ
မင်းအလှ ယှဉ်မရတာ သနပ်ခါးပါ
မင်းအတွေး ငါရင်လေးလှ
မိတ်ကပ်အားကို မင်းအလှမျိုး
မလေးရှားစုန်းမ ရှုံးရလှတယ်..
ကေသာဆံထုံး နက်ရောင်ဖုန်းက
မင်းအလှဟာ ထင်ပေါ်ဂုဏ်တင့်
လှမာန်ဝင့်လို့ မင်းကမြန်မာ
တို့မြန်မာပေါ့.. ဂုဏ်ယူလိုက်သည်။
ဆေးရောက်ချယ်ကာ ရွှေအိုကေသာ
မင်းအလှ ယှဉ်မရတာ သနပ်ခါးပါ
မင်းအတွေး ငါရင်လေးလှ
မိတ်ကပ်အားကို မင်းအလှမျိုး
မလေးရှားစုန်းမ ရှုံးရလှတယ်..
ကေသာဆံထုံး နက်ရောင်ဖုန်းက
မင်းအလှဟာ ထင်ပေါ်ဂုဏ်တင့်
လှမာန်ဝင့်လို့ မင်းကမြန်မာ
တို့မြန်မာပေါ့.. ဂုဏ်ယူလိုက်သည်။
ဆေးရောက်ချယ်ကာ ရွှေအိုကေသာ
ညိုနက်ချယ်ကာ ကာလာတွေဖောက်
မင်းတစ်ယောက်ဟာ မြန်မာပြည်အားမေ့လေသလား..
ပါးပင်းနုနု သနပ်ခါးဥလို့
သင်းပျံ့ရနှံ့ မွှေးကြိုက်လျှက်ကာ
မင်းဟာမြန်မာ ..
မမေ့လေနဲ့.. တစ်ကြိမ်တစ်ခါ
သတိရမှ မင်းလက်ကိုနမ်း
ရှူကာရှိုက်စမ်း .. ငပိနံ့ကင်း
မင်းလက်တွင်းမှာ အရှင်းရှိမှ
မြန်မာကိုမေ့ မင်းဓလေ့ပျောက်
မင်းဟာမြန်မာ မဖြစ်တော့ပါ..
မင်းတစ်ယောက်ဟာ မြန်မာပြည်အားမေ့လေသလား..
ပါးပင်းနုနု သနပ်ခါးဥလို့
သင်းပျံ့ရနှံ့ မွှေးကြိုက်လျှက်ကာ
မင်းဟာမြန်မာ ..
မမေ့လေနဲ့.. တစ်ကြိမ်တစ်ခါ
သတိရမှ မင်းလက်ကိုနမ်း
ရှူကာရှိုက်စမ်း .. ငပိနံ့ကင်း
မင်းလက်တွင်းမှာ အရှင်းရှိမှ
မြန်မာကိုမေ့ မင်းဓလေ့ပျောက်
မင်းဟာမြန်မာ မဖြစ်တော့ပါ..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
Valentines
Valentinesတဲ့
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား ရှိချင်လိုက်တာ..
ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည် ငါလွမ်းပီ..
တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး ဆုတောင်းမှုလဲပြုချင်ပါရဲ့
သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား ရှိချင်လိုက်တာ..
ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည် ငါလွမ်းပီ..
တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး ဆုတောင်းမှုလဲပြုချင်ပါရဲ့
သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ပဲခူးက အပျိုကြီး
ပဲခူးသူမို့ တစ်မျိုးမှုလို့
အကြံပေါ်
အပျိုကြီးဘ၀နော်
ရှာဖွေစုဆောင်း ယောကျာင်္းကောင်း
တောင်ဖို့ပိုက်ဆံ သူရှာနော်
ငွေကြေးအပြည့် အရွယ်တွေ့
ဘိုးဘွားရိပ်သာ သွားပီနော်
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
အမှတ်မရှိသူ
ယုံကြည်ချက်တွေလွင့်သွာတဲ့သူ တစ်ယောက်ဟာ
အမှန်တရားကိုတောင် ယုံကြည်ဖို့ခက်ခဲလာတယ်
ေ၀၀ါးတဲ့ပုံရိပ်တွေကြား နာကြင်စရာစကားတွေက
ငါ့အတ္တနဲ့ ငါ့မာနတွေကို ချိုးဖျက်ခဲ့ပေမယ့်
အမှတ်မရှိတဲ့ ဒီနှလုံးသားက
စိမ်းကားသူကိုမှ တမ်းတမိနေတယ်..
နာကြင်တဲ့ အတိတ်ကို
ကြင်နာတဲ့ ဒီစိတ်တွေက
မေ့ပစ်ဖို့ခက်လေတော့
အမှတ်မရှိတဲ့ ဒီကောင်အသဲ
အက်ကွဲကြောင်းတွေကြားကပဲ
မျက်ရည်ကျလို့လွမ်းနေတယ်..
အမှန်တရားကိုတောင် ယုံကြည်ဖို့ခက်ခဲလာတယ်
ေ၀၀ါးတဲ့ပုံရိပ်တွေကြား နာကြင်စရာစကားတွေက
ငါ့အတ္တနဲ့ ငါ့မာနတွေကို ချိုးဖျက်ခဲ့ပေမယ့်
အမှတ်မရှိတဲ့ ဒီနှလုံးသားက
စိမ်းကားသူကိုမှ တမ်းတမိနေတယ်..
နာကြင်တဲ့ အတိတ်ကို
ကြင်နာတဲ့ ဒီစိတ်တွေက
မေ့ပစ်ဖို့ခက်လေတော့
အမှတ်မရှိတဲ့ ဒီကောင်အသဲ
အက်ကွဲကြောင်းတွေကြားကပဲ
မျက်ရည်ကျလို့လွမ်းနေတယ်..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ငါ့အမှားတွေလား
ပြန်မလာတော့တဲ့ နင့်အတွက်
မျှော်လင့်တဲ့ ဒီရင်ဟာ
အမှားတွေစုနေတာလား..
မချစ်တက်တဲ့နင့် အချစ်ကိုကစားတက်တဲ့ နင်
နင့်လိုလူမျိုးကို ချစ်ခဲ့မိတဲ့ ငါ့နှလုံးသား
အမှားတွေစုနေတာလား...
သံယောဇဉ် မသိ မေတ္တာနားမလည်
ရှောင်ဖယ်ကာအဝေးသွားတဲ့ နင့်လို့လူကို ချစ်မိတဲ့ငါ
အမှားတွေစုနေတာလား..
မည့်သိုဆိုစေ ငါမှားလေးလဲ
နင့်ကိုချစ်သောငါ ငါချစ်သောနင့်အား
မေ့မရ မုန်းမရ အတိတ်ကတို့ဘဝ
ဝဋ်ကျွေးတစ်ခုသာ သတ်မှတ်ရင်းငါလေ
အမှားတွေကို စုကာခံရင် နင့်အနား အဝေးသွားလို့
တိုးတိုးလေးနဲ့ တိတ်တိတ်လေးသာ လွမ်းနေမှာပါ
နင်ပျော်ပါစေ..
မျှော်လင့်တဲ့ ဒီရင်ဟာ
အမှားတွေစုနေတာလား..
မချစ်တက်တဲ့နင့် အချစ်ကိုကစားတက်တဲ့ နင်
နင့်လိုလူမျိုးကို ချစ်ခဲ့မိတဲ့ ငါ့နှလုံးသား
အမှားတွေစုနေတာလား...
သံယောဇဉ် မသိ မေတ္တာနားမလည်
ရှောင်ဖယ်ကာအဝေးသွားတဲ့ နင့်လို့လူကို ချစ်မိတဲ့ငါ
အမှားတွေစုနေတာလား..
မည့်သိုဆိုစေ ငါမှားလေးလဲ
နင့်ကိုချစ်သောငါ ငါချစ်သောနင့်အား
မေ့မရ မုန်းမရ အတိတ်ကတို့ဘဝ
ဝဋ်ကျွေးတစ်ခုသာ သတ်မှတ်ရင်းငါလေ
အမှားတွေကို စုကာခံရင် နင့်အနား အဝေးသွားလို့
တိုးတိုးလေးနဲ့ တိတ်တိတ်လေးသာ လွမ်းနေမှာပါ
နင်ပျော်ပါစေ..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ပြန်လာပါတော့
အပြုံးနေ့တွေ မေ့မရတဲ့ငါ
အမုန်းနေ့လဲ မေ့ထားလို့မရပါ
အတ္တတွေ ငါများလို့လား နင်ပဲ မချစ်နိုင်လို့လား
ဘယ်သူအမှားမှန်းမသိပေမယ့် တို့နှစ်ယောက်အချစ်က
လမ်းခွဲခြင်းကို အဆုံးသတ်စေမယ်ဆိုတာ
မင်းက ကြိုသိနေတာလား ငါပဲ ညံ့လို့မသိခဲ့တာလား
တို့နှစ်ယောက်လမ်းခွဲသွားတာမဆန်းပေမယ့်
ငါ့နှလုံးသားကို နင်ခွဲသွားတာ အရမ်းဆန်းကြယ်တယ်
နင့်အလိုကျ နင့်သဘောဆောင် နင်ကိုကြင်နာတဲ့ငါ
အလိုလိုက်မိတာ အမှားတစ်ခုလား
နင့်ဆန္ဒကိုဖြည့်ဆည်း နင့်ဘေးနားနေရင်းက
နင်အပြုံးကို တက်မက်မိတဲ့ငါ မှားလား
နင်ထားခဲ့ပေမယ့် နင်ခွဲခဲ့တဲ့ငါ့အသဲက ကွဲကြေခဲ့ပေမယ့်
ငါ့အသုံးမကျတဲ့ နှလုံးသားက ရှုံးနိမ့်မှုကို မတွေ့ပဲ
နင်ပြန်လာမည့်နေ့ကို မျှော်နေမိတယ်
ချစ်သူ နင်ထားခဲ့တဲ့ ငါဟာ
နင်ပြန်လာမည့်နေ့ကိုစောင့်နေလျှက်ပါဆိုတာ
နင်......................
အမုန်းနေ့လဲ မေ့ထားလို့မရပါ
အတ္တတွေ ငါများလို့လား နင်ပဲ မချစ်နိုင်လို့လား
ဘယ်သူအမှားမှန်းမသိပေမယ့် တို့နှစ်ယောက်အချစ်က
လမ်းခွဲခြင်းကို အဆုံးသတ်စေမယ်ဆိုတာ
မင်းက ကြိုသိနေတာလား ငါပဲ ညံ့လို့မသိခဲ့တာလား
တို့နှစ်ယောက်လမ်းခွဲသွားတာမဆန်းပေမယ့်
ငါ့နှလုံးသားကို နင်ခွဲသွားတာ အရမ်းဆန်းကြယ်တယ်
နင့်အလိုကျ နင့်သဘောဆောင် နင်ကိုကြင်နာတဲ့ငါ
အလိုလိုက်မိတာ အမှားတစ်ခုလား
နင့်ဆန္ဒကိုဖြည့်ဆည်း နင့်ဘေးနားနေရင်းက
နင်အပြုံးကို တက်မက်မိတဲ့ငါ မှားလား
နင်ထားခဲ့ပေမယ့် နင်ခွဲခဲ့တဲ့ငါ့အသဲက ကွဲကြေခဲ့ပေမယ့်
ငါ့အသုံးမကျတဲ့ နှလုံးသားက ရှုံးနိမ့်မှုကို မတွေ့ပဲ
နင်ပြန်လာမည့်နေ့ကို မျှော်နေမိတယ်
ချစ်သူ နင်ထားခဲ့တဲ့ ငါဟာ
နင်ပြန်လာမည့်နေ့ကိုစောင့်နေလျှက်ပါဆိုတာ
နင်......................
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
အဝေးကလွမ်းစရာ
ဟိုးး အဝေးက ငါ့ရွာလေး..
အစိမ်းရောင်လွှမ်းခြုံတဲ့ စပါးခင်း
ထုံးဖြူဖြူနဲ့ ကြည်ညိုစရာ
ရွာထိတ်ကစေတီပါ..
ဖုန်တောလမ်းလေး သေးသွယ်သွယ်
အမေ့အိမ်လေးကိုလွမ်းတယ်ကွာ
မနေတာကြာတဲ့ ငါ့အခန်းလေး
မတွေ့တာကြာတဲ့ အမေ့အပြုံး
အရာရာဟာ ငါ့အတွက်လမ်းမောစရာပါလား
အစိမ်းရောင်လွှမ်းခြုံတဲ့ စပါးခင်း
ထုံးဖြူဖြူနဲ့ ကြည်ညိုစရာ
ရွာထိတ်ကစေတီပါ..
ဖုန်တောလမ်းလေး သေးသွယ်သွယ်
အမေ့အိမ်လေးကိုလွမ်းတယ်ကွာ
မနေတာကြာတဲ့ ငါ့အခန်းလေး
မတွေ့တာကြာတဲ့ အမေ့အပြုံး
အရာရာဟာ ငါ့အတွက်လမ်းမောစရာပါလား
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
နားလည်နိုင်ဆုံး
နှုတ်ပိတ်လို့တိတ်ဆိတ်တဲ့
ဒီအခန်းကျဉ်းမှာ..
ဖယောင်းတိုင်မီးငယ်ဟာ
ငါ့ကမ္ဘာလေးပါ...
တိုနေတဲ့ဆေးလိပ်လေးက
ငါ့အလွမ်းတွေကို
မီးခိုးအဖြစ်ထုတ်ခွင့်ပေးတဲ့
အကောင်းဆုံးအဖော်မွန်
ကာရန်မညီတဲ့ သံစဉ်တွေနဲ့
ငါမွန်ကြပ်မှုတွေကို
နားလည်ပေးတဲ့ ဂစ်တာအိုလေးဟာ
ငါ့ကိုစာနာသူအစစ်ပါ.
ဒီအခန်းကျဉ်းမှာ..
ဖယောင်းတိုင်မီးငယ်ဟာ
ငါ့ကမ္ဘာလေးပါ...
တိုနေတဲ့ဆေးလိပ်လေးက
ငါ့အလွမ်းတွေကို
မီးခိုးအဖြစ်ထုတ်ခွင့်ပေးတဲ့
အကောင်းဆုံးအဖော်မွန်
ကာရန်မညီတဲ့ သံစဉ်တွေနဲ့
ငါမွန်ကြပ်မှုတွေကို
နားလည်ပေးတဲ့ ဂစ်တာအိုလေးဟာ
ငါ့ကိုစာနာသူအစစ်ပါ.
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ချစ်သူ
မနေချင်သူမို့ မခေါ်တော့ပါဘူး
စွန့်ခွာသူကို မတားရက်ပါ
ပြန်လာပါလို့မပြောပေမယ့်
ပြန်လာမယ့်နေ့မျှော်နေပါတယ်
ကွယ်ရာတစ်နေ့ ရင်မှာမမေ့ရင်
ငါလွမ်းနေတာ..
တစ်ချက်သတိရပါ...ချစ်သူ
စွန့်ခွာသူကို မတားရက်ပါ
ပြန်လာပါလို့မပြောပေမယ့်
ပြန်လာမယ့်နေ့မျှော်နေပါတယ်
ကွယ်ရာတစ်နေ့ ရင်မှာမမေ့ရင်
ငါလွမ်းနေတာ..
တစ်ချက်သတိရပါ...ချစ်သူ

Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
မင်းပေးတဲ့ဆုလဒ်
ပျော်စရာအတိတ် အရင်မှာထိတ်လို့
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ကြည်နူးစဉ်ခဏ ဒီဘ၀လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
အနမ်းတွေဝေ အပြုံးတွေဝေတဲ့
ဒီအချိန်လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ငါ့ကြောက်စိတ်က ငါ့အားခြောက်လှန့်
ငါ့နှလုံးသားထက် အလွမ်းထက်ထက်
ဆူးရှဒဏ်ရာ ပေးသွားမှာလား
မည်သို့ဆိုစေ ချစ်မိလေးတော့
မင်းပေးဝေဒနာ အဖြေမရှာ
ခံယူကာဖြင့် ကြိတ်ကာလွမ်းမယ်
ဒီဘ၀ရယ်..
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ကြည်နူးစဉ်ခဏ ဒီဘ၀လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
အနမ်းတွေဝေ အပြုံးတွေဝေတဲ့
ဒီအချိန်လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ငါ့ကြောက်စိတ်က ငါ့အားခြောက်လှန့်
ငါ့နှလုံးသားထက် အလွမ်းထက်ထက်
ဆူးရှဒဏ်ရာ ပေးသွားမှာလား
မည်သို့ဆိုစေ ချစ်မိလေးတော့
မင်းပေးဝေဒနာ အဖြေမရှာ
ခံယူကာဖြင့် ကြိတ်ကာလွမ်းမယ်
ဒီဘ၀ရယ်..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ချစ်သူ
အရှုံးတွေနဲ့ အမုန်းတွေကြား
ပြုံးပြဖို့ခွန်အားမရှိ
ညစဉ်မက်တဲ့ အိမ်မက်ဆိုးကြား
ငါ့အားနိုးထခွင့်ပေးပါ..
အလွမ်းတွေထုတ်ပိုးပြီး
အရုပ်ဆိုးတဲ့အကျည်းတန်ည
ငါ့အားကျော်ဖြတ်ခွင့်ပေးပါ.
မနေ့ကဆိုတာ ကုန်ဆုံးသွားပီ
ယနေ့ထိကောနောက်နေ့သစ်တွေပါ
မကုန်ဆုံးတဲ့ ငါ့အချစ်တွေဟာ
နာကျင်ရင်းလွမ်း ကြင်နာရင်းတမ်းတ
မေ့မရတဲ့ တို့နှစ်ယောက်ဘဝ
ဆုံးဆည်ခွင့် မရှိတော့ပါလား........
ပြုံးပြဖို့ခွန်အားမရှိ
ညစဉ်မက်တဲ့ အိမ်မက်ဆိုးကြား
ငါ့အားနိုးထခွင့်ပေးပါ..
အလွမ်းတွေထုတ်ပိုးပြီး
အရုပ်ဆိုးတဲ့အကျည်းတန်ည
ငါ့အားကျော်ဖြတ်ခွင့်ပေးပါ.
မနေ့ကဆိုတာ ကုန်ဆုံးသွားပီ
ယနေ့ထိကောနောက်နေ့သစ်တွေပါ
မကုန်ဆုံးတဲ့ ငါ့အချစ်တွေဟာ
နာကျင်ရင်းလွမ်း ကြင်နာရင်းတမ်းတ
မေ့မရတဲ့ တို့နှစ်ယောက်ဘဝ
ဆုံးဆည်ခွင့် မရှိတော့ပါလား........
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
အိုင်တီအမှတ်တရ
အိုင်တီအလှ တို့များစလို့
အိုင်တီအရေး တို့များတွေးကာ
အိုင်တီအကျိုး တို့သယ်ပိုးလို့
အိုင်တီအနား တို့များရှိကာ
ဖ၇န့်ရှစ်အား တို့များလေးစား..
တို့များအိုင်တီ ဘာသာမညီ
တို့များနေရာ မတူညီပါ
တို့များအသိ ထပ်တူမရှိ
တို့များအတွး မတူသေးမို့
ထပ်တူကျဖို အိုင်တီလာစို့
အိုင်တီစိတ်ဟာ မျိုးချစ်စိတ်ပါ
သူ့စေတနာ တို့များတွက်ပါ
သူ့ရပ်တည်ရေး တို့များအေ၇း
သူ့ဘ၀လေး တည့်ကြည့်ဖို့ရာ
တို့တစ်တွေက ကြိုးစားညီညာ။
အိုင်တီအရေး တို့များတွေးကာ
အိုင်တီအကျိုး တို့သယ်ပိုးလို့
အိုင်တီအနား တို့များရှိကာ
ဖ၇န့်ရှစ်အား တို့များလေးစား..
တို့များအိုင်တီ ဘာသာမညီ
တို့များနေရာ မတူညီပါ
တို့များအသိ ထပ်တူမရှိ
တို့များအတွး မတူသေးမို့
ထပ်တူကျဖို အိုင်တီလာစို့
အိုင်တီစိတ်ဟာ မျိုးချစ်စိတ်ပါ
သူ့စေတနာ တို့များတွက်ပါ
သူ့ရပ်တည်ရေး တို့များအေ၇း
သူ့ဘ၀လေး တည့်ကြည့်ဖို့ရာ
တို့တစ်တွေက ကြိုးစားညီညာ။
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
မင်းအတွက်ငါ
ငါ့ကြောင့်စိတ်ညစ်ခြင်းနဲ့
သိပ်ချစ်ခြင်းကြားမှာ
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
မင်း စိတ်ပျက်ပီလား..
ငါ့ကြောင့်နာကျင်ခြင်းနဲ့
နာကျည်းမှုတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
ငါ့ကို မုန်းပီးလား...
ငါ့ကြောင့်အရှုံးများလို့
နှလုံးသားကို စတေးတဲ့မင်း
နောင်တွေတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
ငါ့ကို မေ့ပီလား..
မင်းကြောင့် ပျော်ရွှင်တဲ့ငါ
အပြုံးတွေဝေဆာလို့
အမုန်းတွေဖယ်ခွါကာ
မင်းဘေးနားမရှိပေမယ့်
မင်းတွက်အသင့်ရှိသူပါ။
သိပ်ချစ်ခြင်းကြားမှာ
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
မင်း စိတ်ပျက်ပီလား..
ငါ့ကြောင့်နာကျင်ခြင်းနဲ့
နာကျည်းမှုတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
ငါ့ကို မုန်းပီးလား...
ငါ့ကြောင့်အရှုံးများလို့
နှလုံးသားကို စတေးတဲ့မင်း
နောင်တွေတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
ငါ့ကို မေ့ပီလား..
မင်းကြောင့် ပျော်ရွှင်တဲ့ငါ
အပြုံးတွေဝေဆာလို့
အမုန်းတွေဖယ်ခွါကာ
မင်းဘေးနားမရှိပေမယ့်
မင်းတွက်အသင့်ရှိသူပါ။
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
အဝေးကကျောခိုင်းချစ်သူ
စ်သူ
တမ်းတလို့ခေါ် လွမ်းလှလို့နော်
နောင်တမရ သောကအမှန်
ပြောပြရန်ဖြင့် ချစ်သူအနား
ပြေးကာသွားမည် ထိုအရပ်ဆီ
အပြေးသွားလဲ ဝေးသွားဆဲမို့
မောလှပါပီ ထွက်ပြေးပီမို့
ခေါ်သံမကြား လှည့်မကြည့်အား
ကျောပြင်ကိုငေး မျက်ဝန်းအိမ်လေး
ခိုတွဲမျက်ရည် ကျလိုနေပီ..
တမ်းတလို့ခေါ် လွမ်းလှလို့နော်
နောင်တမရ သောကအမှန်
ပြောပြရန်ဖြင့် ချစ်သူအနား
ပြေးကာသွားမည် ထိုအရပ်ဆီ
အပြေးသွားလဲ ဝေးသွားဆဲမို့
မောလှပါပီ ထွက်ပြေးပီမို့
ခေါ်သံမကြား လှည့်မကြည့်အား
ကျောပြင်ကိုငေး မျက်ဝန်းအိမ်လေး
ခိုတွဲမျက်ရည် ကျလိုနေပီ..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ချစ်ခွန်အား
ချစ်သူ
နှလုံးသား နှစ်ခုကိုယ်စားပြုလို့
ချစ်သူခေါ်ဝေါ် သံယောဇဉ်ကြိုးပေါ်
မကြောက်တမ်း လျှောက်လှမ်းမယ်နော်..
ချစ်သူ
ပျော်ရွှင်မှုတွေ မင်းကိုပေးလို့
ပူဆွေးသမျှ ခံစားရလဲ
မင်းကိုမပြ ရင်ဝယ်မျိုချ
တစ်ယောက်ထဲသာ ကြိတ်ခံစားမယ်
ချစ်သူ
ဖေးမကူလို့ နားလည်မှုတံတား
တို့နှစ်ကြားထိုးထားခဲ့မယ်
လျှောက်လှမ်းမယ်နော် မမောတမ်းပေါ့
သက်ဆုံးတိုင် လက်တွေခိုင်မြဲ မခွဲတမ်းပေါ့
ကို့လက်ကိုဆွဲ ခပ်ရဲရဲပေါ့
ရင်ဆိုင်တော့မယ် ချစ်သူ
နှလုံးသား နှစ်ခုကိုယ်စားပြုလို့
ချစ်သူခေါ်ဝေါ် သံယောဇဉ်ကြိုးပေါ်
မကြောက်တမ်း လျှောက်လှမ်းမယ်နော်..
ချစ်သူ
ပျော်ရွှင်မှုတွေ မင်းကိုပေးလို့
ပူဆွေးသမျှ ခံစားရလဲ
မင်းကိုမပြ ရင်ဝယ်မျိုချ
တစ်ယောက်ထဲသာ ကြိတ်ခံစားမယ်
ချစ်သူ
ဖေးမကူလို့ နားလည်မှုတံတား
တို့နှစ်ကြားထိုးထားခဲ့မယ်
လျှောက်လှမ်းမယ်နော် မမောတမ်းပေါ့
သက်ဆုံးတိုင် လက်တွေခိုင်မြဲ မခွဲတမ်းပေါ့
ကို့လက်ကိုဆွဲ ခပ်ရဲရဲပေါ့
ရင်ဆိုင်တော့မယ် ချစ်သူ
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ပျော်တော်ဆက်
ဝေဒနာလေးတွေ မင်းကတမ်းတ
လွမ်းနေသမျှပေါ့ ...
လွမ်းတေးမဆို လူရွင်တော်လို
ငါလေ ပျော်တော်ဆက်မယ်..
တမ်းတခါခါ အရင်အတိတ်ဟာ
မင်းနာကျင်သမျှ ပျော်ရွှင်ဖို့က
ငါလေ ပျော်တော်ဆက်မယ်.....
မင်းမေ့မရ ထိုအတိတ်က
တမ်တပုံရိမ် အလွမ်းစိတ်ကို
ဖြေသိပ်ဖို့ရာ မင်းတောင်းတပါ
ငါလေ ပျော်တော်ဆက်မယ်..
လွမ်းနေသမျှပေါ့ ...
လွမ်းတေးမဆို လူရွင်တော်လို
ငါလေ ပျော်တော်ဆက်မယ်..
တမ်းတခါခါ အရင်အတိတ်ဟာ
မင်းနာကျင်သမျှ ပျော်ရွှင်ဖို့က
ငါလေ ပျော်တော်ဆက်မယ်.....
မင်းမေ့မရ ထိုအတိတ်က
တမ်တပုံရိမ် အလွမ်းစိတ်ကို
ဖြေသိပ်ဖို့ရာ မင်းတောင်းတပါ
ငါလေ ပျော်တော်ဆက်မယ်..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
မင်းအတွက်
မသေချာဘူး ငါ့အတွေးက
မရေရာဘူ မင်းအချစ်က
တမ်းတသမျှ မင်းလွမ်းနေရ
မင်းလွမ်းသမျှ ဖြည့်ဆည်းချင်လှ
မင်းပျော်မဆို အပိုမဆို
ငါ့ဘ၀ကို ပေးဆပ်ချင်တယ်
မင်းနာကျင်သမျှ ပျော်ရွှင်ရအောင်
လူရွှင်တော်လဲ လုပ်ပေးချင်တယ်
မင်းလိုသမျှ ဖြည့်ဆည်ရမယ့်
အာလာဒင်လဲ ငါဖြစ်ချင်တယ်
ဘာမဆိုပေါ့ မင်းအတွက်ငါ
အဆင်သင့်သူပါ...........
မရေရာဘူ မင်းအချစ်က
တမ်းတသမျှ မင်းလွမ်းနေရ
မင်းလွမ်းသမျှ ဖြည့်ဆည်းချင်လှ
မင်းပျော်မဆို အပိုမဆို
ငါ့ဘ၀ကို ပေးဆပ်ချင်တယ်
မင်းနာကျင်သမျှ ပျော်ရွှင်ရအောင်
လူရွှင်တော်လဲ လုပ်ပေးချင်တယ်
မင်းလိုသမျှ ဖြည့်ဆည်ရမယ့်
အာလာဒင်လဲ ငါဖြစ်ချင်တယ်
ဘာမဆိုပေါ့ မင်းအတွက်ငါ
အဆင်သင့်သူပါ...........
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
သူငယ်ချင်း(...)
မမြင်နိင်တဲ့ ကြိုးလေးတစ်ချောင်း
ခင်မင်မှု အတိုင်းတာတစ်ခု
ဖြတ်မရတဲ့ သံယောဇဉ်
တူညီတဲ့စိတ်ဓတ်
ပျော်ခဲ့တဲ့နေ့ရက်များ
ဘယ်တော့မှ မမေ့သာ
ယနေ့မှာလဲငါသတိရ
နောက်နောင်ဆိုလဲငါတမ်းတလို့
လွမ်းရတော့မယ် သူငယ်ချင်းရေ..
တို့နှစ်ယောက်ရဲ့ အဖြူရောင်ပါဆိုတာ
သူတို့တွေ ဘာလို့နားမလည်တာလဲ
ပတ်ဝန်ကျင်ဆိုတဲ့
အတင်းဖျင်း အမျိုးတွေကြားမှာ
တို့သူငယ်ချင်းနှစ်ယောက်
ကျရှုံးခန်းရောက်ပီပေါ့..
ခင်မင်မှု အတိုင်းတာတစ်ခု
ဖြတ်မရတဲ့ သံယောဇဉ်
တူညီတဲ့စိတ်ဓတ်
ပျော်ခဲ့တဲ့နေ့ရက်များ
ဘယ်တော့မှ မမေ့သာ
ယနေ့မှာလဲငါသတိရ
နောက်နောင်ဆိုလဲငါတမ်းတလို့
လွမ်းရတော့မယ် သူငယ်ချင်းရေ..
တို့နှစ်ယောက်ရဲ့ အဖြူရောင်ပါဆိုတာ
သူတို့တွေ ဘာလို့နားမလည်တာလဲ
ပတ်ဝန်ကျင်ဆိုတဲ့
အတင်းဖျင်း အမျိုးတွေကြားမှာ
တို့သူငယ်ချင်းနှစ်ယောက်
ကျရှုံးခန်းရောက်ပီပေါ့..
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
အရက်နဲ့ချစ်သူ
ချစ်သူ
မေ့ချင်တော့ မူးအောင်လုပ်တယ်
မူးလာတော့ သတိရတယ်..
သတိရတော့ လွမ်းမိတယ်..
လွမ်းမိတော့ မင်းကိုတမ်းတ
တမ်းတတော့ မင်းဖုန်းခေါ်
မင်းဖုန်းခေါ်တော့ Busy ကြား
Busyကြားတော့ ဒေါသထွက်
ဒေါသထွက်တော့ ပြန်သောက်တယ်
ပြန်သောက်တော့ ငါမူးတယ်
အော်...........
ဘယ်တော့မှ မင်းကိုမေ့လို့
ငါအရက်ပြတ်မလဲ..
တစ်ခုတောသေချာတယ် ချစ်သူ
မင်းကိုသာပြတ်ချင်ပြတ်မယ်
အရက်တော့ပြတ်မှာမဟုတ်တော့ဘူ ငါ
မေ့ချင်တော့ မူးအောင်လုပ်တယ်
မူးလာတော့ သတိရတယ်..
သတိရတော့ လွမ်းမိတယ်..
လွမ်းမိတော့ မင်းကိုတမ်းတ
တမ်းတတော့ မင်းဖုန်းခေါ်
မင်းဖုန်းခေါ်တော့ Busy ကြား
Busyကြားတော့ ဒေါသထွက်
ဒေါသထွက်တော့ ပြန်သောက်တယ်
ပြန်သောက်တော့ ငါမူးတယ်
အော်...........
ဘယ်တော့မှ မင်းကိုမေ့လို့
ငါအရက်ပြတ်မလဲ..
တစ်ခုတောသေချာတယ် ချစ်သူ
မင်းကိုသာပြတ်ချင်ပြတ်မယ်
အရက်တော့ပြတ်မှာမဟုတ်တော့ဘူ ငါ
Posted by
သံယောဇဉ်လွင်
0
comments
Subscribe to:
Posts (Atom)