နေမင်းအတ္တ

နေခြည်ပျောက်တာ ကမ္ဘာကြောင့်လား
နေခြည်ပျောက်ကွယ် လကြောင့်ပဲကွယ်
ထိုထိုအတွေး ရင်မှာတွေးလို့
နေခြည်ဆိုတာ ခွန်းအားများလှ
ဂုဏ်တင့်တယ်လည်း တစ်ချိန်ခါမှာ
တစ်စုံတစ်ရာ ဖုံးကွယ်မှုက
စိုးမိုးထားလို့ အမှောင်းလွှမ်းလို့
ပျောက်ကွယ်၏။
မတည်ကမ္ဘာ ဒီမြေမဟာ
နေလမခွဲ တူယှဉ်တွဲမှ

ထာဝရအလင်း တောက်ပနေမှာ
နေခြည်မာန အလင်းအတ္တ
လမင်းကိုမေ့ မာနဝေ့က
အလင်းကအမှောင် အမှောင်ကအလင်း
ထိုဖြစ်ခြင်းအား အစဉ်မမေ့
ရင်ကတွေးလျှက် သတိထားပါ
အသိတရားဟာ အမှားမဖြစ်ပါ...

ညီမလေး

သို့/
ညီမငယ် မင်းစကတ်တိုတယ်.. လှတယ်ကွာ ပေါင်တွေဖွေး ငါလဲရင်ခုန်ငေး
ညီမငယ်လေး လမ်းတွေလျှောက် အစ်ကို့ရင်ကို ထိတ်တိုက်ရောက် လှပါပေတယ် ညီမငယ်.
မယ်ယဉ်ကျေး ကမ္ဘာယှဉ်သေး တို့တစ်ချိန်က မှီသောအသိ ရင်မှာသိတာ အန်တီချိုပြုံ မာမီပြုံပေါ့ အပြုံးပိုင်ရှင် ဆိုတေးချင်းက ထိုသီချင်းမှာ မင်းအ၀တ်စားမပါ အလှမယ်ဟာ ထို့သို့
သီချင်း ကိုက်ညီချင်းမို့ မင်းလဲမြန်မာ ငါမြန်မာမို့ ယှဉ်ဘောင်တန်းပါ မြန်မာမင်းမမေ့ ထာဝစဉ်သိလေ့ တို့ ရိုးရာ...

မင်းဟာမြန်မာ

မပြင်ပဲနေပါ တို့မြန်မာ
မင်းအလှ ယှဉ်မရတာ သနပ်ခါးပါ
မင်းအတွေး ငါရင်လေးလှ
မိတ်ကပ်အားကို မင်းအလှမျိုး
မလေးရှားစုန်းမ ရှုံးရလှတယ်..
ကေသာဆံထုံး နက်ရောင်ဖုန်းက
မင်းအလှဟာ ထင်ပေါ်ဂုဏ်တင့်
လှမာန်ဝင့်လို့ မင်းကမြန်မာ
တို့မြန်မာပေါ့.. ဂုဏ်ယူလိုက်သည်။
ဆေးရောက်ချယ်ကာ ရွှေအိုကေသာ
ညိုနက်ချယ်ကာ ကာလာတွေဖောက်
မင်းတစ်ယောက်ဟာ မြန်မာပြည်အားမေ့လေသလား..
ပါးပင်းနုနု သနပ်ခါးဥလို့
သင်းပျံ့ရနှံ့ မွှေးကြိုက်လျှက်ကာ
မင်းဟာမြန်မာ ..
မမေ့လေနဲ့.. တစ်ကြိမ်တစ်ခါ
သတိရမှ မင်းလက်ကိုနမ်း
ရှူကာရှိုက်စမ်း .. ငပိနံ့ကင်း
မင်းလက်တွင်းမှာ အရှင်းရှိမှ
မြန်မာကိုမေ့ မင်းဓလေ့ပျောက်
မင်းဟာမြန်မာ မဖြစ်တော့ပါ..

Valentines

Valentinesတဲ့
ကြင်သူအဝေး အလွမ်းတေးနဲ့
အနမ်းဝေလျှက် တမ်တမိကာ
အများကပျော် ငါကမျှော်လို့
ချစ်သူအနား  ရှိချင်လိုက်တာ..

ချောကလပ်တစ်တောင့် မင်းတစ်ယောက်ဖို့
ကြင်နာငွေ့သက် ရင်မှာပြည့်လျှက်
ခွံကျွေးခြင်သည်  ငါလွမ်းပီ..

တူယှဉ်တွဲကာ မြတ်ဘုရားမှာ
တောင်ဆုတွေချွေ ဆီမီးပန်လှူ
ဘ၀အတွက်ရည်စူး  ဆုတောင်းမှုလဲပြုချင်ပါရဲ့

သို့သော်..အဝေးက
Valentines Day လွမ်းငွေ့ပေးလို့
လွမ်းရိပ်သမ်းကာ  လွမ်းနေတာဖြင့်
ချစ်သူသိပါ့မလား