သူတို့မျှော်ရာ၊ ဒီနေ့ဟာ
ချစ်သူများနေ့၊ ခေါ်ဆိုရာ
သူတို့ပျော်ကြ၊ ကြည်နူးကြလို့
ချစ်တဲ့စကား၊ နှုတ်ခမ်းဖျားမှာ
ညင်ညင်သာသာ၊ ကြင်နာစွာနဲ့
တီးတိုးပြောဆို၊ ချစ်နေလိုတာက
သူတို့ . . . သူတို့ . . . ။
ချစ်သူမရှိ၊ စိတ်လေမိလို့
ဆေးလိပ်ထိုင်ဖွာ၊ တွေးကြည့်ကာဖြင့်
ချစ်သူများနေ့၊ ဒီကနေ့က
ပျော်ရာမရှိ၊ အချိန်ကုန်၏ ။
မုန်းတဲ့စကား၊ နှုတ်ခမ်းဖျားမှာ
ကြမ်းကြမ်းပြောဆို၊ မုန်းနေလိုတာက
ငါတို့ . . . ငါတို့ . . . ။
လင်းရန်
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။