ဘော်ဒါပေါင်သင်း ရောင်းရင်းစုံကာ
ဆေးပေါင်းခည သူခိုးညပေါ့
ပျော်စေပါးစေ ခိုးကြမယ်လေ
အရီးအိမ်က ဗူးသီးလဲပါ
အဘကြက်လဲ ခိုးခဲ့ပါကွာ
ဦးမြဆိုင်က ယမကာလဲ မကျန်နဲ့ကွာ
တို့ပေါင်းဖော်ရင် ပျော်ရွှင်ချင်းမို့
အမေပုအိမ်ဘေး ဘဲခြံလေးလဲ မေ့မထားနဲ့
ရွာလယ်အိမ်က ဦးကပ်စေးမှာ
ဆန်ချောဆိုလား ပေါ်ဆန်းလားဘဲ
ရအောင်ခိုးမယ် ပေါင်းဖော်တို့ရယ်
မဇယ်လီသုတ် အမေသုတ်လို့
စားကြစမ်းကွယ် နွယ်မြတ်သစ်ပင်
ဆေးဖက်ဝင်လှ ဒီလပြည်ည။
Subscribe to:
Posts (Atom)