မေ့မရ နေ့ညတွေမှာ
အာရုံစိုးမိုး တိတ်တခိုးနဲ့
သူ့အားငေးကြည့် လွမ်းနေမိတယ်..
သူ့ အပြုံးကြောင့် ကျရှုံးတဲ့ နှလုံးသား
သူ့အပြောကြောင့် ကြည်နူးတဲ့ မသိစိတ်
တိတ်တစိတ်မို့ သူမသိလဲ
ငေးကြည့်ဆဲပါ..
သူ့ဆံနွယ်စ လေညှင်းတိုက်လဲ
လှရက်ဆဲကွယ် ရင်မှာမကျေ
ဒီလေပွေကို မနာလိုလှ
သူ့ဆံစလေး ပျက်မှာဆိုးတယ်..
သူမသိလဲ သူရှိဆဲဟာ ဒီမောင့်ရင်ပါ
သူမတွေ့လဲ ငေးမောဆဲက ဒီကမောင်ပါ
သူ.. သူ.. သူ.. ဘာမှမသိလဲ..
ငါ.. ငါ.. ငါ.. xxxxxxxxxxxxxx
ရင်ဖွင့်သံ (၁)
ရက်စွဲတွေ လွှင့်ကြွေ
နာရီတွေကြေမွှ
မီနစ်တွေပျောက်ကွယ်
စက္ကန့်တစ်ခုရဲ့ ကုန်ဆုံးချိန်ဟာ
ငါ့နှလုံးသား နာကျင်ချိန်မှန်း
ကြိုသိမယ်ဆို ငါလေ...........
အချစ်ဆိုတဲ့ အပူမီးနဲ့
ဝေးနိုင်သမျှ အဝေးရောက်အောင်
အပြေးသွားလို့ ပုန်းနေတာပေါ့..
နာရီတွေကြေမွှ
မီနစ်တွေပျောက်ကွယ်
စက္ကန့်တစ်ခုရဲ့ ကုန်ဆုံးချိန်ဟာ
ငါ့နှလုံးသား နာကျင်ချိန်မှန်း
ကြိုသိမယ်ဆို ငါလေ...........
အချစ်ဆိုတဲ့ အပူမီးနဲ့
ဝေးနိုင်သမျှ အဝေးရောက်အောင်
အပြေးသွားလို့ ပုန်းနေတာပေါ့..
Posted by
သံယောဇဉ်လွင်
0
comments
Subscribe to:
Posts (Atom)