မေ့မရ နေ့ညတွေမှာ
အာရုံစိုးမိုး တိတ်တခိုးနဲ့
သူ့အားငေးကြည့် လွမ်းနေမိတယ်..
သူ့ အပြုံးကြောင့် ကျရှုံးတဲ့ နှလုံးသား
သူ့အပြောကြောင့် ကြည်နူးတဲ့ မသိစိတ်
တိတ်တစိတ်မို့ သူမသိလဲ
ငေးကြည့်ဆဲပါ..
သူ့ဆံနွယ်စ လေညှင်းတိုက်လဲ
လှရက်ဆဲကွယ် ရင်မှာမကျေ
ဒီလေပွေကို မနာလိုလှ
သူ့ဆံစလေး ပျက်မှာဆိုးတယ်..
သူမသိလဲ သူရှိဆဲဟာ ဒီမောင့်ရင်ပါ
သူမတွေ့လဲ ငေးမောဆဲက ဒီကမောင်ပါ
သူ.. သူ.. သူ.. ဘာမှမသိလဲ..
ငါ.. ငါ.. ငါ.. xxxxxxxxxxxxxx
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။