တစ်နေရာ

ချစ်သူ

ကဗျာကို ခံစားတာက

ငါ့နှလုံးသားပါ...

ရေးမိတာက လက်ချောင်းလေးတွေ

တွေးမိတာက ရှင့်အကြောင်း

သတိရတာက ငါ့မသိစိတ်

တမ်းတတာက အချိန်မှန်

မျှော်နေတာက မိန်းမသားဘဝ

ဒါတွေကို ရှင်သာ နားလည်မယ်ဆို

အရင်နေရာကို ပြန်လာလို့

ရင်ခွင်ဟောင်းမှာ ရှင့်အတွက်

တစ်နေရာစာ ရှိသေးတာ ယုံပါ

မင်းသိပါစေ

သစ္စာသားရဲ့နောက်ကွယ်မှာ
မာနတွေကပ်တွယ်တာ မင်းမသိလို့လား
ချစ်တက်တဲ့ငါ့နှလုံးသားက  သည်းခံတာပါ
အရှုံးကိုပျော်မွှေ့သူမဟုတ်ဘူး
မင်းမပေးတဲ့ အကြင်နာကို  တမ်းတပေမယ့်
တစ်ခြားသူဆီက  မမျှော်လင့်ပါ
မင်းပေးတဲ့အမုန်းတွေကို   မလိုချင်ပေမယ့်
မင်းမဟုတ်တဲ့လူမှန်သမျှ ပေးပါစေ
ငါ့ရဲ့အချစ်  ငါ့ရဲ့မေတ္တာ ငါ့သစ္စဟာ
မင်းပါ မင်းပါလို့  အော်နေရမှာလား
ငါ့ရင်ကိုမင်းမြင် ငါ့အချစ်ကိုမင်းသိပါ