မင်းသိပါစေ

သစ္စာသားရဲ့နောက်ကွယ်မှာ
မာနတွေကပ်တွယ်တာ မင်းမသိလို့လား
ချစ်တက်တဲ့ငါ့နှလုံးသားက  သည်းခံတာပါ
အရှုံးကိုပျော်မွှေ့သူမဟုတ်ဘူး
မင်းမပေးတဲ့ အကြင်နာကို  တမ်းတပေမယ့်
တစ်ခြားသူဆီက  မမျှော်လင့်ပါ
မင်းပေးတဲ့အမုန်းတွေကို   မလိုချင်ပေမယ့်
မင်းမဟုတ်တဲ့လူမှန်သမျှ ပေးပါစေ
ငါ့ရဲ့အချစ်  ငါ့ရဲ့မေတ္တာ ငါ့သစ္စဟာ
မင်းပါ မင်းပါလို့  အော်နေရမှာလား
ငါ့ရင်ကိုမင်းမြင် ငါ့အချစ်ကိုမင်းသိပါ

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။