ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က်
မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင်
ရူးချင်တယ်
တောင့်တတာ
နေ့တိုင်းကို
လွမ်းစိတ်နဲ့
ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက
စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ
မင်းကို
ဘ၀တစ်ခုလုံးအတွက်
ရည်စူးကာချစ်တာပါ။
ကိုယ်ပိုင်ခံစားချက်
ကိုယ်ပိုင်ခံစားချက်..........
စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။
အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။
အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။
စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။
အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။
အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။
Posted by
poemlover
0
comments
Labels:
ကဗျာ
မေ့ပစ်ချင်တယ်
ချစ်သူ
အနမ်းတွေမင်းယူလို့
အလွမ်းတွေငါ့ပေး
ခပ်ဝေးဝေးကိုပြေးသွားတယ်နော်
ချစ်သူ
မင်းထားခဲ့တဲ့ နေရာလေးပေါ့
တစ်ခေါက်တစ်လေ မင်း
ရောက်လေမလားလို့
မျှော်တက်တဲ့ ငါ့စိတ်
အတိတ်ကို မေ့ချင်ပြီးကွာ
အနမ်းတွေမင်းယူလို့
အလွမ်းတွေငါ့ပေး
ခပ်ဝေးဝေးကိုပြေးသွားတယ်နော်
ချစ်သူ
မင်းထားခဲ့တဲ့ နေရာလေးပေါ့
တစ်ခေါက်တစ်လေ မင်း
ရောက်လေမလားလို့
မျှော်တက်တဲ့ ငါ့စိတ်
အတိတ်ကို မေ့ချင်ပြီးကွာ
Posted by
poemlover
0
comments
Labels:
ကဗျာ
မင်းအတွက်ငါ
အလွမ်းတစ်ခုကို နှစ်သိမ့်ဆုလို့ယူပြီး
မင်းအဝေးကိုထွက်သွားဆို သွားပါ့မယ်..
အမုန်းတစ်ခုကို ခွန်းအားတစ်ခုအဖြစ်ပေးလို့
မင်းနဲ့အဝေးကိုသွားဆိုသွားပါ့မယ်..
နာကျင်မှုတစ်ခုပြုလုပ်တိုင်း နာကျည်းချက်မရှိတာ
ငါ့အမှားလို့ ပတ်ဝန်ကျင်က ပြောရင်လဲ ခံပါ့မယ်..
ဒါပေမယ့် ချစ်သူရယ်...
ငါ့ချစ်ခဲ့တဲ့ အချစ်တွေနဲ့
မမုန်းတက်တဲ့ ငါ့နှလုံးသားလေးကို
မင်းလိုအပ်တဲ့အချိန်မှာ တမ်းတလိုက်ပါ
ငါမင်းအနားအရောက်ပြန်လာမှာပါ...
မင်းအဝေးကိုထွက်သွားဆို သွားပါ့မယ်..
အမုန်းတစ်ခုကို ခွန်းအားတစ်ခုအဖြစ်ပေးလို့
မင်းနဲ့အဝေးကိုသွားဆိုသွားပါ့မယ်..
နာကျင်မှုတစ်ခုပြုလုပ်တိုင်း နာကျည်းချက်မရှိတာ
ငါ့အမှားလို့ ပတ်ဝန်ကျင်က ပြောရင်လဲ ခံပါ့မယ်..
ဒါပေမယ့် ချစ်သူရယ်...
ငါ့ချစ်ခဲ့တဲ့ အချစ်တွေနဲ့
မမုန်းတက်တဲ့ ငါ့နှလုံးသားလေးကို
မင်းလိုအပ်တဲ့အချိန်မှာ တမ်းတလိုက်ပါ
ငါမင်းအနားအရောက်ပြန်လာမှာပါ...
Posted by
poemlover
0
comments
Labels:
ကဗျာ
ပန်းကလေး
လရောင်ဝေးတဲ့ ပန်းကလေးရေ..........
အလွမ်းတေးနဲ့ လမ်းဘေးမှာငိုရှိုက်
အတိတ်က ဒီလူမိုက်မှာ
နောင်တ တချို့ ပြန်ရလို့
တိမ်တွေဖယ်ရှား မင်းအနားကို
အလင်းများပိုလို့ အလှတင့်အောင်
ပေးဆပ်ရင်ပေါ့ ပြန်လာပါရစေ
ပန်းကလေးရေ........
အလွမ်းတေးနဲ့ လမ်းဘေးမှာငိုရှိုက်
အတိတ်က ဒီလူမိုက်မှာ
နောင်တ တချို့ ပြန်ရလို့
တိမ်တွေဖယ်ရှား မင်းအနားကို
အလင်းများပိုလို့ အလှတင့်အောင်
ပေးဆပ်ရင်ပေါ့ ပြန်လာပါရစေ
ပန်းကလေးရေ........
Posted by
သံယောဇဉ်လွင်
0
comments
Labels:
ကဗျာ
ငါလူမိုက်လား
ပေးဆပ်တဲ့ နှလုံးသားကို တန်ဖိုးမထား
အနိုင်ယူသူ မင်းတစ်ယောက်အား
မမေ့နိုင်တာ အပြစ်တစ်ခုလား
လိုက်လျောလေ တန်ဖိုးမထားလေ
ချစ်တာကို ပြစ်ခါချသူမှ
လွမ်းမိတာ အပြစ်လား
မေ့လိုက်ပါလို့ ပြောတဲ့သူ
လမ်းခွဲကြစို့ စကားဆိုသူ
ဒီလိုလူကိုမှ နောက်ကလိုက်
ချစ်လူမိုက်များဖြစ်နေသလား
အနိုင်ယူသူ မင်းတစ်ယောက်အား
မမေ့နိုင်တာ အပြစ်တစ်ခုလား
လိုက်လျောလေ တန်ဖိုးမထားလေ
ချစ်တာကို ပြစ်ခါချသူမှ
လွမ်းမိတာ အပြစ်လား
မေ့လိုက်ပါလို့ ပြောတဲ့သူ
လမ်းခွဲကြစို့ စကားဆိုသူ
ဒီလိုလူကိုမှ နောက်ကလိုက်
ချစ်လူမိုက်များဖြစ်နေသလား
Posted by
သံယောဇဉ်လွင်
0
comments
Subscribe to:
Posts (Atom)