အလွမ်းတစ်ခုကို နှစ်သိမ့်ဆုလို့ယူပြီး
မင်းအဝေးကိုထွက်သွားဆို သွားပါ့မယ်..
အမုန်းတစ်ခုကို ခွန်းအားတစ်ခုအဖြစ်ပေးလို့
မင်းနဲ့အဝေးကိုသွားဆိုသွားပါ့မယ်..
နာကျင်မှုတစ်ခုပြုလုပ်တိုင်း နာကျည်းချက်မရှိတာ
ငါ့အမှားလို့ ပတ်ဝန်ကျင်က ပြောရင်လဲ ခံပါ့မယ်..
ဒါပေမယ့် ချစ်သူရယ်...
ငါ့ချစ်ခဲ့တဲ့ အချစ်တွေနဲ့
မမုန်းတက်တဲ့ ငါ့နှလုံးသားလေးကို
မင်းလိုအပ်တဲ့အချိန်မှာ တမ်းတလိုက်ပါ
ငါမင်းအနားအရောက်ပြန်လာမှာပါ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။