မင်းပေးတဲ့ဆုလဒ်

ပျော်စရာအတိတ် အရင်မှာထိတ်လို့
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ကြည်နူးစဉ်ခဏ ဒီဘ၀လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
အနမ်းတွေဝေ အပြုံးတွေဝေတဲ့
ဒီအချိန်လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ငါ့ကြောက်စိတ်က ငါ့အားခြောက်လှန့်
ငါ့နှလုံးသားထက် အလွမ်းထက်ထက်
ဆူးရှဒဏ်ရာ ပေးသွားမှာလား
မည်သို့ဆိုစေ ချစ်မိလေးတော့
မင်းပေးဝေဒနာ အဖြေမရှာ
ခံယူကာဖြင့် ကြိတ်ကာလွမ်းမယ်
ဒီဘ၀ရယ်..

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။