နားလည်နိုင်ဆုံး

နှုတ်ပိတ်လို့တိတ်ဆိတ်တဲ့

ဒီအခန်းကျဉ်းမှာ..

ဖယောင်းတိုင်မီးငယ်ဟာ

ငါ့ကမ္ဘာလေးပါ...

တိုနေတဲ့ဆေးလိပ်လေးက

ငါ့အလွမ်းတွေကို

မီးခိုးအဖြစ်ထုတ်ခွင့်ပေးတဲ့

အကောင်းဆုံးအဖော်မွန်

ကာရန်မညီတဲ့ သံစဉ်တွေနဲ့

ငါမွန်ကြပ်မှုတွေကို

နားလည်ပေးတဲ့ ဂစ်တာအိုလေးဟာ

ငါ့ကိုစာနာသူအစစ်ပါ.

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။