အပြုံးနေ့တွေ မေ့မရတဲ့ငါ
အမုန်းနေ့လဲ မေ့ထားလို့မရပါ
အတ္တတွေ ငါများလို့လား နင်ပဲ မချစ်နိုင်လို့လား
ဘယ်သူအမှားမှန်းမသိပေမယ့် တို့နှစ်ယောက်အချစ်က
လမ်းခွဲခြင်းကို အဆုံးသတ်စေမယ်ဆိုတာ
မင်းက ကြိုသိနေတာလား ငါပဲ ညံ့လို့မသိခဲ့တာလား
တို့နှစ်ယောက်လမ်းခွဲသွားတာမဆန်းပေမယ့်
ငါ့နှလုံးသားကို နင်ခွဲသွားတာ အရမ်းဆန်းကြယ်တယ်
နင့်အလိုကျ နင့်သဘောဆောင် နင်ကိုကြင်နာတဲ့ငါ
အလိုလိုက်မိတာ အမှားတစ်ခုလား
နင့်ဆန္ဒကိုဖြည့်ဆည်း နင့်ဘေးနားနေရင်းက
နင်အပြုံးကို တက်မက်မိတဲ့ငါ မှားလား
နင်ထားခဲ့ပေမယ့် နင်ခွဲခဲ့တဲ့ငါ့အသဲက ကွဲကြေခဲ့ပေမယ့်
ငါ့အသုံးမကျတဲ့ နှလုံးသားက ရှုံးနိမ့်မှုကို မတွေ့ပဲ
နင်ပြန်လာမည့်နေ့ကို မျှော်နေမိတယ်
ချစ်သူ နင်ထားခဲ့တဲ့ ငါဟာ
နင်ပြန်လာမည့်နေ့ကိုစောင့်နေလျှက်ပါဆိုတာ
နင်......................
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။