မင်းအတွက်ငါ

မင်းအနားက ငါ့ကိုမေ့ထားပါ
ပြုံးမပြပါနဲ့ သတိမရပါနဲ့
မင်းတမ်တတိုင်းငါမပါပါနဲ့
ကျေနပ်ပါတယ်  ..
မင်းတမ်းတသူ အဝေးကသူ
ပြန်လာနေ့ရက် လက်ချိုးတွက်လို့
မင်းမျှော်နေပါ  မင်းပျော်နေပါ..
ထိုတစ်နေ့သာ ရောက်မလာလျှင်
မင်းအနားကြည့် ငါရှိနေမယ်
မင်းမျက်ရည်တွေ သုတ်ပေးမယ်လေ
မင်းရှိုက်ငိုတိုင်း  င့ါရင်နာလို့
တိုးတိုးလေးနဲ့ ငါ့ရင်ခွင်ကြား
နှလုံးသားမကြာအောင်  ငိုခွင့်ပြုမယ်
မင်းမျက်ရည်တွေ  ကုန်ပါစေ။

စာမပြန်နဲ့ 

နင့်ကိုငါ့ချစ်တယ်
ငါ့ကိုစာမပြန်နဲ့
နင့်ကိုငါမုန်းတယ်
ငါ့ကိုစာမပြန်နဲ့
 စာမပြန်နဲ့ 
စာမပြန်နဲ့ 
စာမပြန်နဲ့ 
စာမပြန်နဲ့ 

မင်းအတွက်ငါ

ငါ့အတွက်မင်းဟာ   လိုအပ်ချက်ပါ
မင်းအတွက်ငါက ပိုတစ်ခုဆိုတာ
ငါသိနားလည်ပေမယ့်လည်း
မင်းလိုအပ်တိုင်းပေါ့  ငါရှိနေမယ်
မင်းမလိုအပ်သမျှ ငါ့ကိုမေ့ထားပါ
ငါဟာ မင်းတွက် မရှိသုံးဖြစ်ခဲ့ပါစေ
ငါလေဂုဏ်ယူလို့ မင်းအနားက
တစ်ဖ၀ါးမခွာ ဖြည့်ဆည်းချင်သူပါ
မင်းလိုအပ်ချိန် တလိုက်ပါ
ငါတန်ခိုးရှင်မဟုတ်တောင်
မင်းလိုချင်ချိန်မှာ  အဆင်သင့်တဲ့
အချစ်ကျေးကျွန်ပါ..