ငါ့အတွက်မင်းဟာ လိုအပ်ချက်ပါ
မင်းအတွက်ငါက ပိုတစ်ခုဆိုတာ
ငါသိနားလည်ပေမယ့်လည်း
မင်းလိုအပ်တိုင်းပေါ့ ငါရှိနေမယ်
မင်းမလိုအပ်သမျှ ငါ့ကိုမေ့ထားပါ
ငါဟာ မင်းတွက် မရှိသုံးဖြစ်ခဲ့ပါစေ
ငါလေဂုဏ်ယူလို့ မင်းအနားက
တစ်ဖ၀ါးမခွာ ဖြည့်ဆည်းချင်သူပါ
မင်းလိုအပ်ချိန် တလိုက်ပါ
ငါတန်ခိုးရှင်မဟုတ်တောင်
မင်းလိုချင်ချိန်မှာ အဆင်သင့်တဲ့
အချစ်ကျေးကျွန်ပါ..
Subscribe to:
Post Comments (Atom)
1 comments:
အရမ်းကောင်းတယ် ကဗျာတွေ အားပေးနေတယ်နော်
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။