မင်းအတွက်ငါ

မင်းအနားက ငါ့ကိုမေ့ထားပါ
ပြုံးမပြပါနဲ့ သတိမရပါနဲ့
မင်းတမ်တတိုင်းငါမပါပါနဲ့
ကျေနပ်ပါတယ်  ..
မင်းတမ်းတသူ အဝေးကသူ
ပြန်လာနေ့ရက် လက်ချိုးတွက်လို့
မင်းမျှော်နေပါ  မင်းပျော်နေပါ..
ထိုတစ်နေ့သာ ရောက်မလာလျှင်
မင်းအနားကြည့် ငါရှိနေမယ်
မင်းမျက်ရည်တွေ သုတ်ပေးမယ်လေ
မင်းရှိုက်ငိုတိုင်း  င့ါရင်နာလို့
တိုးတိုးလေးနဲ့ ငါ့ရင်ခွင်ကြား
နှလုံးသားမကြာအောင်  ငိုခွင့်ပြုမယ်
မင်းမျက်ရည်တွေ  ကုန်ပါစေ။

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။