မကွေးမြို့

ကွေကောက်ကာစီး
နဒီကြီးမှာ
ကူးခတ်သွားကြ
လှေအလှက
ကြည်နူးဖွယ်ရာ . . . . ။
မောင်းနှင်ကာယွန်း
တံတားတွင်းမှာ
ဖြတ်ကာသွားကြ
ယာဉ်အလှက
ကြည်နူးဖွယ်ရာ . . . . ။
ကမ်းဘက်ကိုကြည့်
ဘုရားရှိ၍
စေတီအမွန်
“ မြသလွန် “ ဟု
မည်တွင်ခေါ်ရာ
ဒီမြေဟာ
ကြည်ညိုဖွယ်ရာ တစ်ခုပါ . . . ။

                                            လင်းရန်

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။