အနမ်းကပြောတဲ့ စကားများ

ကောင်လေးနဲ့ ကောင်မလေးရေ

ငါ့ကို မြန်မြန် အသက်သွင်းပါတော့

မင်းတို့ ဝေးချိန်ဆိုရင်

ငါလဲပဲ အသက်မဲ့ခဲ့ရတယ်

တကယ်ဆို ငါ့ရှင်သန်ချိန်က

အရမ်းကို နည်းလွန်းပါတယ်

မင်းတို့ရဲ့ နှုတ်ခမ်းဖျားတွေ

ထိတွေ့ချိန်မှ ရှင်သန်ရတဲ့

ငါ့ရဲ့ဘ၀ကို စာနာရင်

နောက်တစ်ကြိမ်တော့

ရှင်သန်ခွင့်ပေးပါ ......... ။

                                           လင်းရန်

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။