ငါ့အမှားတွေလား

ပြန်မလာတော့တဲ့ နင့်အတွက်
မျှော်လင့်တဲ့ ဒီရင်ဟာ
အမှားတွေစုနေတာလား..
မချစ်တက်တဲ့နင့်  အချစ်ကိုကစားတက်တဲ့ နင်
နင့်လိုလူမျိုးကို ချစ်ခဲ့မိတဲ့ ငါ့နှလုံးသား
အမှားတွေစုနေတာလား...
သံယောဇဉ် မသိ မေတ္တာနားမလည်
ရှောင်ဖယ်ကာအဝေးသွားတဲ့ နင့်လို့လူကို ချစ်မိတဲ့ငါ
အမှားတွေစုနေတာလား..
မည့်သိုဆိုစေ ငါမှားလေးလဲ
နင့်ကိုချစ်သောငါ  ငါချစ်သောနင့်အား
မေ့မရ  မုန်းမရ အတိတ်ကတို့ဘဝ
ဝဋ်ကျွေးတစ်ခုသာ သတ်မှတ်ရင်းငါလေ
အမှားတွေကို စုကာခံရင် နင့်အနား  အဝေးသွားလို့
တိုးတိုးလေးနဲ့  တိတ်တိတ်လေးသာ လွမ်းနေမှာပါ
နင်ပျော်ပါစေ..

ပြန်လာပါတော့

အပြုံးနေ့တွေ  မေ့မရတဲ့ငါ
အမုန်းနေ့လဲ  မေ့ထားလို့မရပါ
အတ္တတွေ ငါများလို့လား နင်ပဲ မချစ်နိုင်လို့လား
ဘယ်သူအမှားမှန်းမသိပေမယ့်  တို့နှစ်ယောက်အချစ်က
လမ်းခွဲခြင်းကို အဆုံးသတ်စေမယ်ဆိုတာ
မင်းက ကြိုသိနေတာလား ငါပဲ ညံ့လို့မသိခဲ့တာလား
တို့နှစ်ယောက်လမ်းခွဲသွားတာမဆန်းပေမယ့်
ငါ့နှလုံးသားကို နင်ခွဲသွားတာ  အရမ်းဆန်းကြယ်တယ်
နင့်အလိုကျ နင့်သဘောဆောင် နင်ကိုကြင်နာတဲ့ငါ
အလိုလိုက်မိတာ အမှားတစ်ခုလား
နင့်ဆန္ဒကိုဖြည့်ဆည်း နင့်ဘေးနားနေရင်းက
နင်အပြုံးကို တက်မက်မိတဲ့ငါ  မှားလား
နင်ထားခဲ့ပေမယ့်  နင်ခွဲခဲ့တဲ့ငါ့အသဲက  ကွဲကြေခဲ့ပေမယ့်
ငါ့အသုံးမကျတဲ့ နှလုံးသားက ရှုံးနိမ့်မှုကို မတွေ့ပဲ
နင်ပြန်လာမည့်နေ့ကို မျှော်နေမိတယ်
ချစ်သူ  နင်ထားခဲ့တဲ့ ငါဟာ
နင်ပြန်လာမည့်နေ့ကိုစောင့်နေလျှက်ပါဆိုတာ
နင်......................

အဝေးကလွမ်းစရာ

ဟိုးး အဝေးက ငါ့ရွာလေး..
အစိမ်းရောင်လွှမ်းခြုံတဲ့ စပါးခင်း
ထုံးဖြူဖြူနဲ့ ကြည်ညိုစရာ 
ရွာထိတ်ကစေတီပါ..
ဖုန်တောလမ်းလေး သေးသွယ်သွယ်
အမေ့အိမ်လေးကိုလွမ်းတယ်ကွာ
မနေတာကြာတဲ့ ငါ့အခန်းလေး
မတွေ့တာကြာတဲ့ အမေ့အပြုံး
အရာရာဟာ ငါ့အတွက်လမ်းမောစရာပါလား

နားလည်နိုင်ဆုံး

နှုတ်ပိတ်လို့တိတ်ဆိတ်တဲ့

ဒီအခန်းကျဉ်းမှာ..

ဖယောင်းတိုင်မီးငယ်ဟာ

ငါ့ကမ္ဘာလေးပါ...

တိုနေတဲ့ဆေးလိပ်လေးက

ငါ့အလွမ်းတွေကို

မီးခိုးအဖြစ်ထုတ်ခွင့်ပေးတဲ့

အကောင်းဆုံးအဖော်မွန်

ကာရန်မညီတဲ့ သံစဉ်တွေနဲ့

ငါမွန်ကြပ်မှုတွေကို

နားလည်ပေးတဲ့ ဂစ်တာအိုလေးဟာ

ငါ့ကိုစာနာသူအစစ်ပါ.

ချစ်သူ

မနေချင်သူမို့ မခေါ်တော့ပါဘူး

စွန့်ခွာသူကို မတားရက်ပါ

ပြန်လာပါလို့မပြောပေမယ့်

ပြန်လာမယ့်နေ့မျှော်နေပါတယ်

ကွယ်ရာတစ်နေ့ ရင်မှာမမေ့ရင်

ငါလွမ်းနေတာ..

တစ်ချက်သတိရပါ...ချစ်သူ
ကိုယ်ရေးစာအား ပြင်ဆင်မည်။

မင်းပေးတဲ့ဆုလဒ်

ပျော်စရာအတိတ် အရင်မှာထိတ်လို့
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ကြည်နူးစဉ်ခဏ ဒီဘ၀လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
အနမ်းတွေဝေ အပြုံးတွေဝေတဲ့
ဒီအချိန်လေး
ပျောက်ပျက်သွားမှာစိုးကြောက်တာ
ငါ့ကြောက်စိတ်က ငါ့အားခြောက်လှန့်
ငါ့နှလုံးသားထက် အလွမ်းထက်ထက်
ဆူးရှဒဏ်ရာ ပေးသွားမှာလား
မည်သို့ဆိုစေ ချစ်မိလေးတော့
မင်းပေးဝေဒနာ အဖြေမရှာ
ခံယူကာဖြင့် ကြိတ်ကာလွမ်းမယ်
ဒီဘ၀ရယ်..

ချစ်သူ

အရှုံးတွေနဲ့ အမုန်းတွေကြား
ပြုံးပြဖို့ခွန်အားမရှိ
ညစဉ်မက်တဲ့ အိမ်မက်ဆိုးကြား
ငါ့အားနိုးထခွင့်ပေးပါ..
အလွမ်းတွေထုတ်ပိုးပြီး
အရုပ်ဆိုးတဲ့အကျည်းတန်ည
ငါ့အားကျော်ဖြတ်ခွင့်ပေးပါ.
မနေ့ကဆိုတာ ကုန်ဆုံးသွားပီ
ယနေ့ထိကောနောက်နေ့သစ်တွေပါ
မကုန်ဆုံးတဲ့ ငါ့အချစ်တွေဟာ
နာကျင်ရင်းလွမ်း ကြင်နာရင်းတမ်းတ
မေ့မရတဲ့ တို့နှစ်ယောက်ဘဝ
ဆုံးဆည်ခွင့် မရှိတော့ပါလား........

အိုင်တီအမှတ်တရ

အိုင်တီအလှ  တို့များစလို့
အိုင်တီအရေး  တို့များတွေးကာ
အိုင်တီအကျိုး တို့သယ်ပိုးလို့
အိုင်တီအနား  တို့များရှိကာ
ဖ၇န့်ရှစ်အား  တို့များလေးစား..

တို့များအိုင်တီ  ဘာသာမညီ
တို့များနေရာ  မတူညီပါ
တို့များအသိ  ထပ်တူမရှိ
တို့များအတွး  မတူသေးမို့
ထပ်တူကျဖို  အိုင်တီလာစို့

အိုင်တီစိတ်ဟာ  မျိုးချစ်စိတ်ပါ
သူ့စေတနာ   တို့များတွက်ပါ
သူ့ရပ်တည်ရေး  တို့များအေ၇း
သူ့ဘ၀လေး  တည့်ကြည့်ဖို့ရာ
တို့တစ်တွေက  ကြိုးစားညီညာ။

မင်းအတွက်ငါ

ငါ့ကြောင့်စိတ်ညစ်ခြင်းနဲ့
သိပ်ချစ်ခြင်းကြားမှာ
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
မင်း  စိတ်ပျက်ပီလား..

ငါ့ကြောင့်နာကျင်ခြင်းနဲ့
နာကျည်းမှုတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း  ရှိုက်ငိုရင်းပေါ့
ငါ့ကို မုန်းပီးလား...

ငါ့ကြောင့်အရှုံးများလို့
နှလုံးသားကို စတေးတဲ့မင်း
နောင်တွေတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း  ရှိုက်ငိုရင်းပေါ့
ငါ့ကို မေ့ပီလား..

မင်းကြောင့် ပျော်ရွှင်တဲ့ငါ
အပြုံးတွေဝေဆာလို့
အမုန်းတွေဖယ်ခွါကာ
မင်းဘေးနားမရှိပေမယ့်
မင်းတွက်အသင့်ရှိသူပါ။

အဝေးကကျောခိုင်းချစ်သူ

စ်သူ

တမ်းတလို့ခေါ် လွမ်းလှလို့နော်

နောင်တမရ သောကအမှန်

ပြောပြရန်ဖြင့်  ချစ်သူအနား

ပြေးကာသွားမည်  ထိုအရပ်ဆီ

အပြေးသွားလဲ  ဝေးသွားဆဲမို့

မောလှပါပီ  ထွက်ပြေးပီမို့

ခေါ်သံမကြား  လှည့်မကြည့်အား

ကျောပြင်ကိုငေး  မျက်ဝန်းအိမ်လေး

ခိုတွဲမျက်ရည်  ကျလိုနေပီ..

ချစ်ခွန်အား

ချစ်သူ
နှလုံးသား နှစ်ခုကိုယ်စားပြုလို့
ချစ်သူခေါ်ဝေါ် သံယောဇဉ်ကြိုးပေါ်
မကြောက်တမ်း လျှောက်လှမ်းမယ်နော်..

ချစ်သူ
ပျော်ရွှင်မှုတွေ မင်းကိုပေးလို့
ပူဆွေးသမျှ ခံစားရလဲ
မင်းကိုမပြ ရင်ဝယ်မျိုချ
တစ်ယောက်ထဲသာ ကြိတ်ခံစားမယ်

ချစ်သူ
ဖေးမကူလို့ နားလည်မှုတံတား
တို့နှစ်ကြားထိုးထားခဲ့မယ်
လျှောက်လှမ်းမယ်နော် မမောတမ်းပေါ့
သက်ဆုံးတိုင် လက်တွေခိုင်မြဲ မခွဲတမ်းပေါ့
ကို့လက်ကိုဆွဲ ခပ်ရဲရဲပေါ့
ရင်ဆိုင်တော့မယ် ချစ်သူ

ပျော်တော်ဆက်

ဝေဒနာလေးတွေ  မင်းကတမ်းတ
လွမ်းနေသမျှပေါ့ ...
လွမ်းတေးမဆို လူရွင်တော်လို
ငါလေ ပျော်တော်ဆက်မယ်..

တမ်းတခါခါ အရင်အတိတ်ဟာ
မင်းနာကျင်သမျှ ပျော်ရွှင်ဖို့က
ငါလေ ပျော်တော်ဆက်မယ်.....

မင်းမေ့မရ ထိုအတိတ်က
တမ်တပုံရိမ်  အလွမ်းစိတ်ကို
ဖြေသိပ်ဖို့ရာ မင်းတောင်းတပါ
ငါလေ ပျော်တော်ဆက်မယ်..

မင်းအတွက်

မသေချာဘူး ငါ့အတွေးက

မရေရာဘူ မင်းအချစ်က

တမ်းတသမျှ မင်းလွမ်းနေရ

မင်းလွမ်းသမျှ ဖြည့်ဆည်းချင်လှ

မင်းပျော်မဆို အပိုမဆို

ငါ့ဘ၀ကို ပေးဆပ်ချင်တယ်

မင်းနာကျင်သမျှ ပျော်ရွှင်ရအောင်

လူရွှင်တော်လဲ လုပ်ပေးချင်တယ်

မင်းလိုသမျှ ဖြည့်ဆည်ရမယ့်

အာလာဒင်လဲ ငါဖြစ်ချင်တယ်

ဘာမဆိုပေါ့ မင်းအတွက်ငါ

အဆင်သင့်သူပါ...........

သူငယ်ချင်း(...)

မမြင်နိင်တဲ့ ကြိုးလေးတစ်ချောင်း
ခင်မင်မှု အတိုင်းတာတစ်ခု
ဖြတ်မရတဲ့ သံယောဇဉ်
တူညီတဲ့စိတ်ဓတ်
ပျော်ခဲ့တဲ့နေ့ရက်များ
ဘယ်တော့မှ မမေ့သာ
ယနေ့မှာလဲငါသတိရ
နောက်နောင်ဆိုလဲငါတမ်းတလို့
လွမ်းရတော့မယ် သူငယ်ချင်းရေ..
တို့နှစ်ယောက်ရဲ့ အဖြူရောင်ပါဆိုတာ
သူတို့တွေ ဘာလို့နားမလည်တာလဲ
ပတ်ဝန်ကျင်ဆိုတဲ့
အတင်းဖျင်း အမျိုးတွေကြားမှာ
တို့သူငယ်ချင်းနှစ်ယောက်
ကျရှုံးခန်းရောက်ပီပေါ့..

အရက်နဲ့ချစ်သူ

ချစ်သူ

မေ့ချင်တော့ မူးအောင်လုပ်တယ်

မူးလာတော့ သတိရတယ်..

သတိရတော့ လွမ်းမိတယ်..

လွမ်းမိတော့  မင်းကိုတမ်းတ

တမ်းတတော့ မင်းဖုန်းခေါ်

မင်းဖုန်းခေါ်တော့  Busy ကြား

Busyကြားတော့ ဒေါသထွက်

ဒေါသထွက်တော့  ပြန်သောက်တယ်

ပြန်သောက်တော့  ငါမူးတယ်

အော်...........

ဘယ်တော့မှ မင်းကိုမေ့လို့

ငါအရက်ပြတ်မလဲ..

တစ်ခုတောသေချာတယ်  ချစ်သူ

မင်းကိုသာပြတ်ချင်ပြတ်မယ် 

အရက်တော့ပြတ်မှာမဟုတ်တော့ဘူ ငါ