ချစ်ခွန်အား

ချစ်သူ
နှလုံးသား နှစ်ခုကိုယ်စားပြုလို့
ချစ်သူခေါ်ဝေါ် သံယောဇဉ်ကြိုးပေါ်
မကြောက်တမ်း လျှောက်လှမ်းမယ်နော်..

ချစ်သူ
ပျော်ရွှင်မှုတွေ မင်းကိုပေးလို့
ပူဆွေးသမျှ ခံစားရလဲ
မင်းကိုမပြ ရင်ဝယ်မျိုချ
တစ်ယောက်ထဲသာ ကြိတ်ခံစားမယ်

ချစ်သူ
ဖေးမကူလို့ နားလည်မှုတံတား
တို့နှစ်ကြားထိုးထားခဲ့မယ်
လျှောက်လှမ်းမယ်နော် မမောတမ်းပေါ့
သက်ဆုံးတိုင် လက်တွေခိုင်မြဲ မခွဲတမ်းပေါ့
ကို့လက်ကိုဆွဲ ခပ်ရဲရဲပေါ့
ရင်ဆိုင်တော့မယ် ချစ်သူ

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။