မင်းအတွက်ငါ

ငါ့ကြောင့်စိတ်ညစ်ခြင်းနဲ့
သိပ်ချစ်ခြင်းကြားမှာ
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း ရှိုက်ငိုရင်းပေါ့
မင်း  စိတ်ပျက်ပီလား..

ငါ့ကြောင့်နာကျင်ခြင်းနဲ့
နာကျည်းမှုတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း  ရှိုက်ငိုရင်းပေါ့
ငါ့ကို မုန်းပီးလား...

ငါ့ကြောင့်အရှုံးများလို့
နှလုံးသားကို စတေးတဲ့မင်း
နောင်တွေတွေကြား
ရောထွေးကျတဲ့ မင်းမျက်ရည်
ပါးပြင်မှာလိမ့်ဆင်း  ရှိုက်ငိုရင်းပေါ့
ငါ့ကို မေ့ပီလား..

မင်းကြောင့် ပျော်ရွှင်တဲ့ငါ
အပြုံးတွေဝေဆာလို့
အမုန်းတွေဖယ်ခွါကာ
မင်းဘေးနားမရှိပေမယ့်
မင်းတွက်အသင့်ရှိသူပါ။

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။