ကိုယ်ပိုင်ခံစားချက်

ကိုယ်ပိုင်ခံစားချက်..........
စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။

အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။

အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။