နေခြည်ပျောက်ကွယ် လကြောင့်ပဲကွယ်
ထိုထိုအတွေး ရင်မှာတွေးလို့
နေခြည်ဆိုတာ ခွန်းအားများလှ
ဂုဏ်တင့်တယ်လည်း တစ်ချိန်ခါမှာ
တစ်စုံတစ်ရာ ဖုံးကွယ်မှုက
စိုးမိုးထားလို့ အမှောင်းလွှမ်းလို့
ပျောက်ကွယ်၏။
မတည်ကမ္ဘာ ဒီမြေမဟာ
နေလမခွဲ တူယှဉ်တွဲမှ
ထာဝရအလင်း တောက်ပနေမှာ
နေခြည်မာန အလင်းအတ္တ
လမင်းကိုမေ့ မာနဝေ့က
အလင်းကအမှောင် အမှောင်ကအလင်း
ထိုဖြစ်ခြင်းအား အစဉ်မမေ့
ရင်ကတွေးလျှက် သတိထားပါ
အသိတရားဟာ အမှားမဖြစ်ပါ...
နေခြည်မာန အလင်းအတ္တ
လမင်းကိုမေ့ မာနဝေ့က
အလင်းကအမှောင် အမှောင်ကအလင်း
ထိုဖြစ်ခြင်းအား အစဉ်မမေ့
ရင်ကတွေးလျှက် သတိထားပါ
အသိတရားဟာ အမှားမဖြစ်ပါ...
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။