မင်းအလှ ယှဉ်မရတာ သနပ်ခါးပါ
မင်းအတွေး ငါရင်လေးလှ
မိတ်ကပ်အားကို မင်းအလှမျိုး
မလေးရှားစုန်းမ ရှုံးရလှတယ်..
ကေသာဆံထုံး နက်ရောင်ဖုန်းက
မင်းအလှဟာ ထင်ပေါ်ဂုဏ်တင့်
လှမာန်ဝင့်လို့ မင်းကမြန်မာ
တို့မြန်မာပေါ့.. ဂုဏ်ယူလိုက်သည်။
ဆေးရောက်ချယ်ကာ ရွှေအိုကေသာ
ညိုနက်ချယ်ကာ ကာလာတွေဖောက်
မင်းတစ်ယောက်ဟာ မြန်မာပြည်အားမေ့လေသလား..
ပါးပင်းနုနု သနပ်ခါးဥလို့
သင်းပျံ့ရနှံ့ မွှေးကြိုက်လျှက်ကာ
မင်းဟာမြန်မာ ..
မမေ့လေနဲ့.. တစ်ကြိမ်တစ်ခါ
သတိရမှ မင်းလက်ကိုနမ်း
ရှူကာရှိုက်စမ်း .. ငပိနံ့ကင်း
မင်းလက်တွင်းမှာ အရှင်းရှိမှ
မြန်မာကိုမေ့ မင်းဓလေ့ပျောက်
မင်းဟာမြန်မာ မဖြစ်တော့ပါ..
မင်းတစ်ယောက်ဟာ မြန်မာပြည်အားမေ့လေသလား..
ပါးပင်းနုနု သနပ်ခါးဥလို့
သင်းပျံ့ရနှံ့ မွှေးကြိုက်လျှက်ကာ
မင်းဟာမြန်မာ ..
မမေ့လေနဲ့.. တစ်ကြိမ်တစ်ခါ
သတိရမှ မင်းလက်ကိုနမ်း
ရှူကာရှိုက်စမ်း .. ငပိနံ့ကင်း
မင်းလက်တွင်းမှာ အရှင်းရှိမှ
မြန်မာကိုမေ့ မင်းဓလေ့ပျောက်
မင်းဟာမြန်မာ မဖြစ်တော့ပါ..
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။