ယုံကြည်ချက်တွေလွင့်သွာတဲ့သူ တစ်ယောက်ဟာ
အမှန်တရားကိုတောင် ယုံကြည်ဖို့ခက်ခဲလာတယ်
ေ၀၀ါးတဲ့ပုံရိပ်တွေကြား နာကြင်စရာစကားတွေက
ငါ့အတ္တနဲ့ ငါ့မာနတွေကို ချိုးဖျက်ခဲ့ပေမယ့်
အမှတ်မရှိတဲ့ ဒီနှလုံးသားက
စိမ်းကားသူကိုမှ တမ်းတမိနေတယ်..
နာကြင်တဲ့ အတိတ်ကို
ကြင်နာတဲ့ ဒီစိတ်တွေက
မေ့ပစ်ဖို့ခက်လေတော့
အမှတ်မရှိတဲ့ ဒီကောင်အသဲ
အက်ကွဲကြောင်းတွေကြားကပဲ
မျက်ရည်ကျလို့လွမ်းနေတယ်..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။