မျက်လုံးထဲမှ မိုးရေများ

အရမ်းလွမ်းတယ် ချစ်သူရယ်
လွမ်းလွန်းလို့ ငါ့မျက်လုံးထဲက
တိမ်တွေတောင်မှ မည်းမှောင်လို့
မိုးတွေ ရွာသွန်းဖြစ်တယ် ........ ။

ဟော ........... ဟိုမှာ
အတိတ်ဆိုတဲ့ အကောင်ကြီးက
မင်းနဲ့ အတူရှိဘူးတဲ့ နေ့ရက်တွေကို
ရုပ်ရှင်လိုပြသနေတယ် ........ ။

ဟင် ......... ဟိုမှာလဲ
အနာဂတ်ဆိုတဲ့ အကောင်ကြီးက
ငွေဆိုတဲ့ အရာသာ အရေးကြီးကြောင်း
ပြနေပြန်တယ် ........ ။

သူတို့တွေ ဘာပဲ ပြပြ
ငါ့စိတ်ထဲကတော့ အချစ်ဆိုတဲ့
ငွေ့ရည်ပျံမှုကြောင့်
မျက်လုံးထဲမှ တိမ်တွေဖြစ်တည်လာပြီး
မိုးတွေ ရွာချလိုက်ပြန်ပြီ ............ ။

                                       ရေးသူ = လင်းရန်

0 comments:

Post a Comment

ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ပါ....။