မျက်လုံးထဲမှ မိုးရေများ

အရမ်းလွမ်းတယ် ချစ်သူရယ်
လွမ်းလွန်းလို့ ငါ့မျက်လုံးထဲက
တိမ်တွေတောင်မှ မည်းမှောင်လို့
မိုးတွေ ရွာသွန်းဖြစ်တယ် ........ ။

ဟော ........... ဟိုမှာ
အတိတ်ဆိုတဲ့ အကောင်ကြီးက
မင်းနဲ့ အတူရှိဘူးတဲ့ နေ့ရက်တွေကို
ရုပ်ရှင်လိုပြသနေတယ် ........ ။

ဟင် ......... ဟိုမှာလဲ
အနာဂတ်ဆိုတဲ့ အကောင်ကြီးက
ငွေဆိုတဲ့ အရာသာ အရေးကြီးကြောင်း
ပြနေပြန်တယ် ........ ။

သူတို့တွေ ဘာပဲ ပြပြ
ငါ့စိတ်ထဲကတော့ အချစ်ဆိုတဲ့
ငွေ့ရည်ပျံမှုကြောင့်
မျက်လုံးထဲမှ တိမ်တွေဖြစ်တည်လာပြီး
မိုးတွေ ရွာချလိုက်ပြန်ပြီ ............ ။

                                       ရေးသူ = လင်းရန်

အနမ်းကပြောတဲ့ စကားများ

ကောင်လေးနဲ့ ကောင်မလေးရေ
ငါ့ကို မြန်မြန် အသက်သွင်းပါတော့
မင်းတို့ ဝေးချိန်ဆိုရင်
ငါလဲပဲ အသက်မဲ့ခဲ့ရတယ်
တကယ်ဆို ငါ့ရှင်သန်ချိန်က
အရမ်းကို နည်းလွန်းပါတယ်
မင်းတို့ရဲ့ နှုတ်ခမ်းဖျားတွေ
ထိတွေ့ချိန်မှ ရှင်သန်ရတဲ့

ငါ့ရဲ့ဘ၀ကို စာနာရင်
နောက်တစ်ကြိမ်တော့
ရှင်သန်ခွင့်ပေးပါ ......... ။
 
                                 ရေးသူ = လင်းရန်

အမေ့ကိုလွမ်းတယ်

လိုချင်တာပြော သားသဘောကို
လိုက်လျောတတ်တဲ့ ချစ်တဲ့အမေ ...... ။

ဝေးနေသော်လည်း စိုးရိမ်ဆဲ
အမြဲဂရုစိုက်တာ ချစ်တဲ့အမေ ...... ။

ဆေးရုံတက်ချိန် စိုးရိမ်နေ
ပူပန်ခဲ့တာ ချစ်တဲ့အမေ ....... ။


အဝေးရောက်လေ လွမ်းလေလေ
ကျွန်တော်ချစ်တဲ့အမေ့ကိုလေ ........ ။

အခွင့်ကြုံရင် ပြန်မယ်လေ
ချစ်တဲ့အမေ့ အိမ်ကိုလေ ....... ။
 
                                             ရေးသူ = လင်းရန်

မသက်ဆိုင်တော့တဲ့သူ

ငါ့ သမီးက ယောက်ျားလေးတွေနဲ့
ခြေရှုပ်သတဲ့ ။
လာမပြောပါနဲ့ ငါနဲ့မှ မဆိုင်တာ ။



ငါ့သားက ရန်ဖြစ်လို့ အချုပ်ထဲမှာ
ဖမ်းခံရသတဲ့ ။
လာမပြောပါနဲ့ ငါနဲ့မှ မဆိုင်တာ ။

ငါ့မိန်းမက နောက်ယောက်ျားတစ်ယောက်နဲ့
လက်ထပ်လိုက်သတဲ့ ။
လာမပြောပါနဲ့ ငါနဲ့မှ မဆိုင်တာ ။
 
 သချိုင်းကုန်းက အုတ်ဂူရဲ့အောက်
မြေမြုပ်ခံထားရတဲ့ ငါက
ဘာများသက်ဆိုင်ဦးမှာမို့လဲကွာ ............. ။
 
                                                 ရေးသူ = လင်းရန်

မချစ်သင့်တဲ့ မိန်းကလေး

မကြုံစဖူး ၊ အကြုံထူးလို့

မိန်းမလည်မှ ၊ သွားကြိုက်မိတဲ့

ငါ့အဖြစ်က ၊ သနားဖိုကောင်း

စိတ်ကပြောင်းလို့ ၊ မိန်းမတွေကိုကြောက်ခဲ့ပြီ။

လမ်းတွေ့လှမ်းခေါ် ၊ အမြဲပျော်လို့

ပြုံးပြုံးပြုံးပြုံး ၊ မာယာသုံးတဲ့

မိန်းကလေးက ၊ ချစ်စဖွယ်ကောင်း

အပြောကောင်းတဲ့ ၊ မင်းကို အခု ငါမုန်းပြီ။
 
                                          ရေးသူ = လင်းရန်

ဘယ်လောက်တန်လဲ . . . ?

သေချာတွေးကြည့် ၊ အိုအမိ

မင်းရဲ့ဘ၀ ၊ ဒီခဏမှာ

ကိုယ့်ကိုကိုယ်ဖျက် ၊ ငွေကိုမက်တဲ့

မင်းရဲ့စိတ်ဓါတ် ၊ အတွေးညံ့လို့

သူဌေးရဲ့သား ၊ လူ့ခွစားကို

ဂရုပြုမူ ၊ ချစ်လိုသူကို

ဘေးကထိုင်ကြည့် ၊ ငါတွေးမိမှ

စကားတစ်ခွန်း ၊ လေးနက်လွန်းလို့

ငါမေးလိုက်မယ် "မင်းရဲ့ကိုယ်ဟာ ဘယ်လောက်တန်လဲ" ။ ။