စာအကြောင်းမတွေး
ကဗျာတွေမရေးပဲ
ရိုးသားတဲ့လွန်တဲ့
ခပ်ပြင်းပြင်းအရက်တစ်ခွက်နဲ့
ဆေးလိပ်တိုလက်ကြားညှပ်ကာ
ဘ၀ခါးခါးမေ့ပစ်ဖို့ကြိုးစားရင်
အရှုံးတွေနဲ့အမှားတွေသာ
ရှေ့ဆက်လိုကြုံခဲ့ရသည်။
တော်ပီးဒီအရက် တစ်မနက်တောင်မသောက်တော့ဘူး။


အနမ်းကပြောတဲ့ စကားများ

ကောင်လေးနဲ့ ကောင်မလေးရေ

ငါ့ကို မြန်မြန် အသက်သွင်းပါတော့

မင်းတို့ ဝေးချိန်ဆိုရင်

ငါလဲပဲ အသက်မဲ့ခဲ့ရတယ်

တကယ်ဆို ငါ့ရှင်သန်ချိန်က

အရမ်းကို နည်းလွန်းပါတယ်

မင်းတို့ရဲ့ နှုတ်ခမ်းဖျားတွေ

ထိတွေ့ချိန်မှ ရှင်သန်ရတဲ့

ငါ့ရဲ့ဘ၀ကို စာနာရင်

နောက်တစ်ကြိမ်တော့

ရှင်သန်ခွင့်ပေးပါ ......... ။

                                           လင်းရန်

ချစ်သည်

အပြာရောင်ကောင်းကင်ကြီး
အနီရောင်သန်းနေချိန်မှာ
ကျွန်တော်ကြိုက်တဲ့
ကောင်မလေးကိုတွေ့ခဲ့တယ်။

ကျွန်တော့်ခေါင်းပေါ်မှာပျံသန်းနေတဲ့
ငှက်ငယ်လေးရဲ့ တောင်ပံတစ်ချက်ခတ်ချိန်
အတွင်းမှာပဲ ကျွန်တော်နှလုံးသားက
သူမထံပါသွားလေပြီ။

မျက်စိနဲ့ ခဏပဲမြင်ရတဲ့အပေါ်မှာ
စိတ်ခံစားချက်ဖြစ်ပေါ်လာခြင်းကို
မြင်မြင်ချင်းအချစ်ဟုခေါ်ခြင်းဖြစ်မည်။

အခြားလူတွေ မည်သို့ပင်
အဓိပ္ပါယ်ဖွင့်စေ
ကျွန်တော်သူမကိုချစ်သည်။

ခဏတာ၊
မြင်မြင်ချင်း၊
တစ်စက္ကန့်အတွင်း၊
အကြောင်းပြချက်မရှိ၊
ကျွန်တော်သူမကို
ချစ်သည် ........ ချစ်သည် ......... ချစ်သည် ......... ။

                                                      လင်းရန်
                                                   27-1-2013

မကွေးမြို့

ကွေကောက်ကာစီး
နဒီကြီးမှာ
ကူးခတ်သွားကြ
လှေအလှက
ကြည်နူးဖွယ်ရာ . . . . ။
မောင်းနှင်ကာယွန်း
တံတားတွင်းမှာ
ဖြတ်ကာသွားကြ
ယာဉ်အလှက
ကြည်နူးဖွယ်ရာ . . . . ။
ကမ်းဘက်ကိုကြည့်
ဘုရားရှိ၍
စေတီအမွန်
“ မြသလွန် “ ဟု
မည်တွင်ခေါ်ရာ
ဒီမြေဟာ
ကြည်ညိုဖွယ်ရာ တစ်ခုပါ . . . ။

                                            လင်းရန်

သူတို့ Valentine ငါတို့

သူတို့မျှော်ရာ၊ ဒီနေ့ဟာ
ချစ်သူများနေ့၊ ခေါ်ဆိုရာ
သူတို့ပျော်ကြ၊ ကြည်နူးကြလို့
ချစ်တဲ့စကား၊ နှုတ်ခမ်းဖျားမှာ
ညင်ညင်သာသာ၊ ကြင်နာစွာနဲ့
တီးတိုးပြောဆို၊ ချစ်နေလိုတာက
သူတို့ . . . သူတို့ . . . ။

ချစ်သူမရှိ၊ စိတ်လေမိလို့
ဆေးလိပ်ထိုင်ဖွာ၊ တွေးကြည့်ကာဖြင့်
ချစ်သူများနေ့၊ ဒီကနေ့က
ပျော်ရာမရှိ၊ အချိန်ကုန်၏ ။
မုန်းတဲ့စကား၊ နှုတ်ခမ်းဖျားမှာ
ကြမ်းကြမ်းပြောဆို၊ မုန်းနေလိုတာက
ငါတို့ . . . ငါတို့ . . . ။

                                               လင်းရန်


ရင်ဖွင့်သံ (၃)

လှရက်ပါပေ  နှမငယ်
ချောလှပါတယ် မင်းကကွယ်
ညိုညိုညက်ညော  အလှတောက
ရုန်းထွက်မရ မင်းအလှမှာ
ငါလဲယစ်မှုး  တွယ်ငြိဘူးပီ
ပင်ကိုယ်အလှ တန်ဆာဆင်လှ
ပြုပြင်တော့မှ မင်းအလှဟာ
ကွယ်ပျောက်ပုန်းလျှို  ရုက္ခစိုးလို
လှရက်ပါပေ့   လှလွန်းပါပေ့
ပြင်ကာချယ်သ မင်းအလှက
ကြွားဝါမလို  ပြောစရာမရှိ
အရူးရှုံး၏။



ရင်ဖွင့်သံ (၂)

မေ့မရ နေ့ညတွေမှာ
အာရုံစိုးမိုး တိတ်တခိုးနဲ့
သူ့အားငေးကြည့်  လွမ်းနေမိတယ်..

သူ့ အပြုံးကြောင့် ကျရှုံးတဲ့ နှလုံးသား
သူ့အပြောကြောင့် ကြည်နူးတဲ့ မသိစိတ်
တိတ်တစိတ်မို့  သူမသိလဲ
ငေးကြည့်ဆဲပါ..

သူ့ဆံနွယ်စ လေညှင်းတိုက်လဲ
လှရက်ဆဲကွယ်  ရင်မှာမကျေ
ဒီလေပွေကို မနာလိုလှ
သူ့ဆံစလေး  ပျက်မှာဆိုးတယ်..

သူမသိလဲ  သူရှိဆဲဟာ ဒီမောင့်ရင်ပါ
သူမတွေ့လဲ ငေးမောဆဲက ဒီကမောင်ပါ
သူ.. သူ.. သူ..  ဘာမှမသိလဲ..
ငါ.. ငါ.. ငါ.. xxxxxxxxxxxxxx