ရင်ဖွင့်သံ (၃)

လှရက်ပါပေ  နှမငယ်
ချောလှပါတယ် မင်းကကွယ်
ညိုညိုညက်ညော  အလှတောက
ရုန်းထွက်မရ မင်းအလှမှာ
ငါလဲယစ်မှုး  တွယ်ငြိဘူးပီ
ပင်ကိုယ်အလှ တန်ဆာဆင်လှ
ပြုပြင်တော့မှ မင်းအလှဟာ
ကွယ်ပျောက်ပုန်းလျှို  ရုက္ခစိုးလို
လှရက်ပါပေ့   လှလွန်းပါပေ့
ပြင်ကာချယ်သ မင်းအလှက
ကြွားဝါမလို  ပြောစရာမရှိ
အရူးရှုံး၏။



ရင်ဖွင့်သံ (၂)

မေ့မရ နေ့ညတွေမှာ
အာရုံစိုးမိုး တိတ်တခိုးနဲ့
သူ့အားငေးကြည့်  လွမ်းနေမိတယ်..

သူ့ အပြုံးကြောင့် ကျရှုံးတဲ့ နှလုံးသား
သူ့အပြောကြောင့် ကြည်နူးတဲ့ မသိစိတ်
တိတ်တစိတ်မို့  သူမသိလဲ
ငေးကြည့်ဆဲပါ..

သူ့ဆံနွယ်စ လေညှင်းတိုက်လဲ
လှရက်ဆဲကွယ်  ရင်မှာမကျေ
ဒီလေပွေကို မနာလိုလှ
သူ့ဆံစလေး  ပျက်မှာဆိုးတယ်..

သူမသိလဲ  သူရှိဆဲဟာ ဒီမောင့်ရင်ပါ
သူမတွေ့လဲ ငေးမောဆဲက ဒီကမောင်ပါ
သူ.. သူ.. သူ..  ဘာမှမသိလဲ..
ငါ.. ငါ.. ငါ.. xxxxxxxxxxxxxx

ရင်ဖွင့်သံ (၁)

ရက်စွဲတွေ  လွှင့်ကြွေ
နာရီတွေကြေမွှ
မီနစ်တွေပျောက်ကွယ်
စက္ကန့်တစ်ခုရဲ့  ကုန်ဆုံးချိန်ဟာ
ငါ့နှလုံးသား  နာကျင်ချိန်မှန်း
ကြိုသိမယ်ဆို ငါလေ...........

အချစ်ဆိုတဲ့  အပူမီးနဲ့
ဝေးနိုင်သမျှ  အဝေးရောက်အောင်
အပြေးသွားလို့  ပုန်းနေတာပေါ့..